Tuesday, March 10, 2015

ကျေးလက်လူငယ်စွမ်းဆောင်ရည်မြင့်တင်ရေးဆင့်ပွားသင်တန်းများဖွင့်လှစ်



 ချောက် မတ်  ၁၀  ရက်
 ကျေးလက်ဒေသဖွဲ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးရွာနေပြည်သူများ အသိပညာတိုးပွား၍ လူမှုစီးပွားဘ၀မြင့်မားလာစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ ချောက်မြို့နယ်ကျေးလက်ဦးစီးဌာနအနေဖြင့် ကျေးလက်လူငယ်စွမ်းဆောင်ရည်မြင့်တင်ရေး ဆင့်ပွားသင်တန်းများဖွင့်လှစ်၍ ကျေးလက်နေလူငယ်များ အသိပညာမြင့်မားရေး ကြိုးပမ်းစွမ်းဆောင်လျက်ရှိပါသည်။ လက်ရှိအချိန်ထိကျေးရာပေါင်း ၆၆ ရွာမှသင်တန်းသား ၃၃၀ ဦးအား ပို့ချပေးခဲ့ပြီးဖြစ်သည်။ အမှတ်စဉ် (၁)မှာ စလေကျေးရွာတွင် ကျေးရွာ ၉ ရွာမှ ၆၅ ဦး၊အမှတ်စဉ် (၂)မှာ ဂွေးပင်ကျေးရွာတွင် ကျေးရွာ ၁၈ရွာမှ ၉၀ ဦး ၊အမှတ်စဉ် (၃)မှာ ဂွေးချိုကျေးရွာတွင် ကျေးရွာ ၁၄ ရွာမှ ၈၀ ဦး ၊အမှတ်စဉ် (၄)မှာ ကြောင်ယာတောကျေးရွာတွင် ကျေးရွာ ၂၅ ရွာမှ ၉၅ ဦးတို့အား သင်တန်းတစ်ပတ်လျှင် ၂ ရက် နှုန်းဖြင့်ပို့ချပေးခဲ့ ကြောင်းသိရသည်။ 

သင်တန်းတွင်ကျေးလက်ဒေသ၏အခြေခံလိုအပ်ချက်ဖြစ်သော ရေရရှိရေး ၊လမ်းပန်းဆက်သွယ် ရေး ၊မီးလင်းရေးလုပ်ငန်းဘာသာရပ်များ ၊လူထုဗဟိုပြုစီမံကိန်း ၊မြစိမ်းရောင်စီမံကိန်းလုပ်ငန်းဘာသာရပ်များ၊ မွေးမြူရေးဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့၍ ကျေးလက်နေလူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းသတင်းရရှိသည်။  

 မချို ( ချောက် )

0 comments:

Post a Comment