Tuesday, March 10, 2015

မကွေးတိုင်းဒေသကြီးရှိမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းများဆောက်လုပ်ကုမ္ပဏီများ နှင့် လေလံတင်ဒါ ဥက္ကဋ္ဌ တွေ့ဆုံခြင်း၊ မကွေးခရိုင်တွင်းရှိ မြို့နယ်များသို့မီးသတ်ဆိုင်ရာကယ်ဆယ်ရေးပစ္စည်းများလွှဲပြောင်းပေးအပ်




မြေလတ်မီဒီယာ
          ၂၀၁၄/၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်းကမီးသတ်စခန်းများတည်ဆောက်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကုမ္ပဏီများကိုတင်ဒါခေါ်ယူ၍ လေလံအောင်မြင်သောကုမ္ပဏီအသီးသီးတို့ အားမကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မီးသတ်စခန်းအဆောက်အဦးများကိုဆောက်လုပ်ခွင့်ပြုခဲ့ကြောင်းသိရသည်။


        
  ၂၀၁၅၊ မတ် (၈)ရက်နေ့ နံနက်၉း၄၅ နာရီမှ ၁၀း၄၅ နာရီအချိန်ခန့်အထိမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၎င်းလုပ်ငန်းတင်ဒါကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးဇော်လင်းအောင်၊ အတွင်းရေးမှူး မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် နှင့် ကုမ္ပဏီမန်နေဂျာများတွေ့ဆုံညှိနှိုင်းကြောင်းသိရသည်။ အဆိုပါ မီးသတ်စခန်းတည်ဆောက်ခြင်းလုပ်ငန်းများကိုမတ်(၂၁)ရက်နေ့တွင်အပြီးသတ်အပ်နှံကြ၍ မတ်လ ၂၈/၂၉ ရက်နေ့တွင် လုပ်ငန်းအသုံးပြုကျသင့် ငွေများကိုအကျေပေးချေမည်ဖြစ်ကြောင်း၊ လုပ်ငန်းမပြီးသောကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလကျော်လွန်သောရက်တွက်များဖြင့် ဒဏ်ငွေများပေးဆောင်သွားရမည်ဖြစ်ကြောင်းဗိုလ်မှူးကြီးဇော်လင်းအောင် မှ ကြိုတင် အသိပေးပြောကြားခဲ့ကြောင်းမြေလတ်မီဒီယာမှ သတင်းရရှိသည်။


          ၎င်းနေ့ နေ့လည် ၁ နာရီမှ ၁း၃၀ နာရီအချိန်ခန့်တွင်  မီးသတ်ဦးစီးဌာန၏ ရည်မှန်ချက်တာဝန်(၄)ရပ်ဖြစ်သောမီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွှေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးအတွက် မကွေးတိုင်းအစိုးရအဖွဲ့မှဝယ်ယူထားသော မီးငြိမ်းသတ်ရေးပစ္စည်းများ၊ ရှာဖွှေကယ်ဆယ် ရေးများကိုမကွေးခရိုင်အတွင်းရှိ မြိုနယ်များသို့ လွှဲပြောင်းပေးအပ်ကြောင်း၊ အဆိုပါအခမ်းအနားသို့ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမင်းဟန်၊ မကွေးခရိုင်၊ ခေတ္တအုပ်ချုပ်ရေးမှူး ဦးဘုန်းလှိုင်တို့နှင့် တက်ရောက်၍ အမှာစကားပြောကြားကြောင်း၊ ၎င်းတို့နှစ်ဦးမှ မြို့နယ်မီးသတ်စခန်း မြို့နယ်မီးသတ်ဦးစီးမှူး တာဝန်ခံများအား မီးငြိမ်းသတ်ရေးပစ္စည်းများ၊ ရှာဖွှေကယ်ဆယ် ရေးများကိုလွှဲပြောင်းပေးအပ်ကြောင်းမြေလတ်မီဒီယာ မှ သတင်းရရှိသည်။

မြေလတ်မီဒီယာ

0 comments:

Post a Comment