Tuesday, March 17, 2015

ဘုရားမီးပူဇော်ရာမှ လူနေအိမ်(၁)လုံး မီးလောင်ဆုံးရှုံး

၂၀၁၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ ည (၇) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ချောက် မြို့နယ်၊ ကန်နီကြီးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဂွေးချိုရဲကင်း စခန်းမှူး နှင့် အဖွဲ့သည် သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
 ဖြစ်စဉ်အား စစ်ဆေးရာ ချောက်မြို့နယ်၊ ကန်နီကြီးကျေးရွာနေ မဇာဇာလင်း(၂၁)နှစ်သည်နေအိမ်တွင် ဘုရားမီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ကျေးရွာသူ/သားများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့၍ ည (၇း၄၅) အချိန်မီးလုံးဝငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် မဇာဇာလင်း၏ သုံးပင်ပတ်လည်၊ ထန်းရွက်မိုး၊ ထန်းရွက်ကာ၊ ဝါးကြမ်းခင်းနေအိမ်(၁)လုံး၊ တန်ဖိုး ၇၈ဝဝိ/-ခန့် မီးလောင်ဆုံးရှုံးသွားသဖြင့် မီးပေါ့ဆစွာ အသုံးပြုသူ မဇာဇာလင်းအား ချောက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၄၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment