Monday, March 2, 2015

ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးအသိပညာပေးသင်တန်းဖွင့်




တောင်တွင်းကြီး        ဖေဖော်ဝါရီ       ၂၈
၂၀၁၅-ခုနှစ်အတွင်းကျင်းပမည့်အထွေထွေရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး
အသိပညာပေးသင်တန်းကိုမကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့မြို့မရဲစခန်းအတွင်းရှိရဲရိပ်သာ၌ဖေဖော်ဝါရီလ  ၂၈  ရက်နံနက် ၈ နာရီကကျင်းပ
သည်။

         အခမ်းအနားတွင်မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူးသန်းဌေးဟန်က ၂၀၁၅-ခုနှစ်
အတွင်းအထွေထွေရွေးကောက်ပွဲကြီးကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
ကျင်းပသွားမည်ဖြစ်ရာမြန်မာနိုင်ငံရဲတပ်ဖွဲအနေဖြင့်ရွေးကောက်ပွဲဆိုင်ရာ
လုံခြုံရေးကိစ္စရပ်များဆောင်ရွက်ရာတွင်ဘက်လိုက်မှုကင်းရှင်းပြီးနိုင်ငံတကာ
စံနုန်းနှင့်ကိုက်ညီအောင်အဘက်ဘက်မှကြိုတင်လေ့လာပြင်ဆင်ဆောင်
ရွက်မှုများပြုလုပ်ထားရမည်ဖြစ်ကြောင်းရွေးကောက်ပွဲကာလလုံခြုံရေးဆောင်
ရွက်ရာတွင်တွေ့ကြုံရနိုင်သည့်အဓိကစိန်ခေါ်မှုများဖြစ်နိုင်ခြေရှိသည့်အလားအလာများဆောင်ရွက်ရမည့်
အစီအမံများလေ့လာရန်နှင့်ပူးပေါင်းဆောင်ရွက်
ရန်သင်ကြားပို့ချပေးခဲ့ကြောင်းရွေးကောက်ပွဲကော်မရှင်နှင့်ရဲအရာရှိများဆက်
ဆွယ်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်းရွေးကောက်ပွဲနှင့်ဆိုင်သောဥပဒေ
နည်းဥပဒေများကိုအရာရှိများအားလုံးသိရှိတတ်မြောက်ရန်ကြိုတင်လေ့လာထားရမည်ဖြစ်ကြောင်း
ရှင်းလင်းပြေားကြားခဲ့ပြီးဒုတိယမြို့နယ်အုပ်ချူ ပ်ရေးမှူး
ဦးကျော်မျိုးနိုင်က ၂၀၁၅-ခုနှစ်ရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သက်၍
အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

                                               နိုင်ဝင်း

0 comments:

Post a Comment