Monday, March 2, 2015

ပခုက္ကူမြို့နယ်တွင် နေအိမ်မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံး

၂၀၁၅ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ်၊ မြစ်ခြေ၊ ဘဲရွာသစ်မြောက်ပိုင်းနေသူ ကျော်အောင် (၄၇)နှစ်၏နေအိမ် မီးဖိုမီးကြွင်း မီးကျန်မှ တစ်ဆင့် ဝါးထရံအား မီးစတင်လောင်ကျွမ်းခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ် ယာဉ် ၅ စီး၊ မြစ်ခြေနယ်မြေရဲစခန်းမှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်း ငြိမ်းသတ်မှုကြောင့် နေ့လည် (၂း၂၀) အချိန်မီးညွန့်ကျိုးကာ နေ့လည် (၂း၃၅) အချိန် မီးငြိမ်း သွားခဲ့ပြီး မီးလောင်မှုကြောင့် ကျော်အောင် ပိုင်သည့် ထန်းလက်မိုး/ထရံကာ ဝါးကြမ်းခင်း (၄x၃)ပင် နေအိမ် ၁ လုံးနှင့် အနောက်ဘက်ကပ်လျှက်ရှိ ဦးတင်ဝမ်း(၄ဝ)နှစ် ပိုင်သည့် ထန်းလက်မိုး/ ထရံကာ ဝါးကြမ်းခင်း (၃x၂)ပင် နေအိမ် ၁ လုံး၊ စုစုပေါင်း နေအိမ် ၂ လုံး ၊ တန်ဖိုး ၂ဝဝဝဝဝိ/-တို့ မီးလောင် ဆုံးရှုံးခဲ့ကာ ကျား ၄ ဦး၊ မ ၆ ဦး၊ ပေါင်း ၁ဝ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရှိရသည်။ 
မီးအားပေါ့ဆစွာအသုံးပြုသူ ကျော်အောင် (၄၇)နှစ်အား ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်း (ပ) ၁၆/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
မကွေးသတင်းစုံ

0 comments:

Post a Comment