Tuesday, March 24, 2015

(၇၀)ပြည့်နှစ် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောင်မင်္ဂလာလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကျင်းပ




နတ်မောက်      မတ်        ၂၄
          (၇၀)နှစ်ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော မြို့ပြလမ်းတည်ဆောက်ရေးလုပ် ငန်းအနေဖြင့် မြို့မကွက်သစ်ရပ်ကွက်အတွင်းရှိ အောင်မင်္ဂလာလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ် ၂၄ ရက် နံနက် ၇ နာရီက ကျင်းပခဲ့သည်။

          ဖွင့်ပွဲအခမ်းအနားတွင် နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က အဖွင့်မှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေးမှ ကတ္တရာလမ်းသစ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် ရပ်ကွက်ပြည်သူများ ကိုယ်စားရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့သည်။

          ထို့နောက် အောင်မင်္ဂလာကတ္တရာလမ်းသစ်ဖွင့်ပွဲအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးဇော်မင်းနှင့် မြို့မိမြို့ဖ ဦးစိုးသိန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

          အဆိုပါ လမ်းသည် အကျယ် ၁၂ ပေ၊ အရှည် ၁၁၀၀ ပေနှင့်အထူ ၁၀ လက္မ ရှိပြီး လမ်းကုန်ကျငွေစုစုပေါင်း သိန်း ၁၄၀ ခန့်ရှိကြောင်းသိရသည်။
                                                                                                          လှဝင်း

0 comments:

Post a Comment