Sunday, March 1, 2015

လယ်ယာမြေဥပဒေ နည်းဥပဒေ မြေလွတ် မြေလပ် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ အကြောင်းရှင်းလင်းဆွေးနွေး


မြို့သစ်    ဖေဖော်ဝါရီ  ၂၈
              မြို့သစ်မြို့နယ် မြေစာရင်းဦးစီးဌာန
ကရပ်/ကျေးအုပ်ချုပ်ရေးမှုးများနှင့်စာရေး
များကိုလယ်ယာမြေဥပဒေ   နည်းဥပဒေ မြေလွတ်
မြေလပ်  မြေရိုင်းများစီမံခန့်ခွဲရေးဥပေ
များအကြောင်းကိုတောင်သူလယ်သမားများ
နားလည်းသဘောပေါက်သိရှိစေရည်ရွယ်
မြို့နယ်မြေစာရင်းဦးစီးဌာနနှင့်မြို့နယ်လယ်
ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ရပ်ကျေး/အုပ်ချုပ်
ရေးမှုးများနှင့်စာရေးဝန်ထမ်းများထပ်ဆင့်
ရှင်းလင်းပြောဆိုရှင်းလင်နိုင်စေရန်အတွက်
ဖေဖော်ဝါရီ၂၈ ရက်နေ့ နံနက်၁၀နာရီအချိန်
ကမြို့နယ်အုပ်ချုပ်ရေးမှုးရုံးအစည်းအဝေး
ခန်းမတွင်ကျင်းပပြုလုပ်သည်။

         ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှုး
ဦးဗိုလ်အောင်မောင်မောင်ကအဖွင့်အမှာ
စကားပြောကြားပြီး မြို့နယ်မြေစာရင်း
ဦးစီးဌာနဦးစီးမှုးဦးကျော်လွင်ကလယ်ယာ
မြေဥပဒေ  နည်းဥပဒေ မြေလွတ် မြေလပ်
မြေရိုင်းများနှင့်စပ်လျှဉ်း၍ တောင်သူများ
သိရှိနားလည်သဘောပေါက်စေရန်အတွက်
ကျေးရွာအုပ်ချုပ်ရေးမှုးနှင့်ရပ်ကျေးစာရေး
များကိုထပ်ဆင့်ရှင်းလင်ဆွေးနွေးနိုင်စေရန်
အတွက်ရှင်းလင်းပြောကြားခဲ့သည်။

         ဆက်လက်၍ မြို့နယ်မြေစာရင်း
ဦးစီးဌာနကတောင်သူဦးကြီးများသိရှိ
နားလည်သဘောပေါက်စေရန်အတွက်
လက်ကမ်းစာစောင်များကို နှစ်မျိုးခွဲကာ
တစ်မျိုးလျင် တစ်အုပ်စု  အဆောင်  ၂၀
နှစ်မျိုးပေါင်းအစောင်၄၀  ဖြင့်ဖြန့်ဝေပေး
လျှက်ရှိကြောင်းသတင်းရရှိသည်။

                              ဇော်ဇော်( မြို့သစ် )
        

1 comments:

  1. တိုင်ကြာလွှာ

    အကြောင်းအရာ။ ။တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ မြိတ်မြို့နယ် ၊ မြိတ်တောင်ကျေးရွာအုပ်စု
    ရွှေပြည်တန်ရပ်ကွက် အတွင်းရှိ (ဝ.ဝ၂၈)ဧကရှိမြေကွက်များအား မြိတ်ခရိုင်မြေ
    စာရင်းဦးစီးဌါန မှ မြေတိုင်းတာမှု မှားယွင်းခြင်း၊ ပြည်သူများသဘောတူလက်ခံခြင်း
    မရှိပါပဲ မြေအငှါး ဂရမ်များချပေးနေခြင်း ကိစ္စအား အရေးယူဆောင်ရွက်ပေးပါရန်
    အသိပေးအကြောင်းကြားတိုင်ကြားခြင်း ကိစ္စ ။
    (၁) တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ မြိတ်မြို့နယ် ၊ မြိတ်တောင်ကျေးရွာအုပ်စု
    ရွှေပြည်တန်ရပ်ကွက်အတွင်း ရှိ (ဝ.ဝ၂၈)ဧက ရှိမြေကွက်များကို (၂ဝဝ၁-၄-၂၁)ရက်နေ့တွင်
    မြန်မာနိုင်ငံတော် အစိုးရမှ မြိတ်မြို့နယ် မီးလောင်မြေပြန်လည်နေရာချထားပေးခြင်း စီမံချက်
    ဖြင့် မြိတ်မြို့နယ်အတွင်းရှိ မီးဘေးဒုက္ခသည်များအား (ဝ.ဝ၂၈)ဧက အလျား (၅ဝ')xအနံ(၂၅')
    အကျယ်အဝန်းရှိမြေနေရာအား မြိတ်ခရိုင်မြေစာရင်းဦးစီးဌါန မှ စာရွက်စာတမ်းများနှင့်အတူ
    နေရာချထားပေးခဲ့သည်။

    (၂) အထက်ဖေါ်ပြပါ မြေဧရိယာပေါ်တွင် ကျွန်တော်အပါအဝင် ရွှေပြည်တန်ရပ်ကွက်
    အတွင်းရှိ ရပ်ကွက်သူရပ်ကွက်သားများ ပျော်ရွှေင်စွာဖြင့်လုပ်ကိုင်စားသောက်နေထိုင်လာခဲ့
    သည်မှာ (၂ဝဝ၁-၄-၂၁) မှ ယခု(၂ဝ၁၅-၁ဝ-၄) ထိ (၁၄)နှစ်တိုင်ကြာခဲ့ပြီး မြေပိုင်ဆိုင်မှုအရှုပ်
    အရှင်း လုံးဝ မရှိခဲ့ပါ။

    (၃) ယခုအခါ (၂ဝ၁၅-၉-၁၂)ရက်နေ့မှစ၍ ရွှေပြည်တန်ရပ်ကွက်အတွင်းရှိမြေကွက်
    များအား မြေအငှါးဂရမ် များချထားပေးမည်ဟု အသိပေး၍ မြေတိုင်းတာမှုများပြုလုပ်ခဲ့ပါသည်။
    ထိုသို့ မြေများတိုင်းတာရာတွင် မြေတိုင်းတာစက်ကရိယာဖြင့်တိုင်းတာသော်လည်း၊ မြေတိုင်စာ-
    ရေးများ ၏ တိုင်းတာမှု မှားယွင်းခြင်း ၊ အရည်အချင်းညံ့ဖျင်းခြင်း၊ တိုင်းတာသည့်အခါတွင်-
    သက်ဆိုင်ရာ (ယရက) ရပ်ကွက်လူကြီးများအားအသိပေးပါဝင်မှုမရှိခြင်း ၊ အိမ်ရှင်များ၏မြေအနေ
    အထားများအား မေးမြန်ခြင်းများမရှိပါပဲ ၊၄င်းတို့၏ ဆန္ဒအလျောက်တိုင်းတာခဲ့ခြင်းကြောင့်၊
    ယခင်မြေဧရိယာ (ဝ.ဝ၂၈)ဧကအစား (ဝ.ဝ၃ဝ)(ဝ.ဝ၃၁)(ဝ.ဝ၃၂)ဧက ဆိုသည့်ရလာဒ်များထွက်
    ပေါ်ခဲ့သည့်အပြင် အဆိုးဆုံးမှာ(ဝ.ဝ၂၅)(ဝ.ဝ၂၆) ဧကဆိုသည့်မြေမပြည့်မှီသည်မြေကွက်ပေါင်း
    (၈ဝ)ကျော်အထိရှိနေခဲ့ပါသည်။
    (၄) ဤကဲ့သို့ ယခင်အစိုးရမှချထားပေးသော မြေဧရိယာ(ဝ.ဝ၂၈) ဧက အစား(ဝ.ဝ၂၅)၊(ဝ.ဝ၂၆)
    ဧကဖြစ်ပေါ်နေခြင်းကို အများပြည်သူများအား အသိပေးခြင်းမရှိပါပဲ၊ အမှုတွဲလက်မှတ်တွင်လက်မှတ်
    ထိုးခိုင်ခြင်း၊စာရွက်စာတမ်း အချက်အလက်များတွင်လက်မှတ်ထိုးခိုင်းခြင်းများပြုလုပ်ပြီး ကာမှ ဖေါ်ပြပါ
    (ဝ.ဝ၂၅)၊(ဝ.ဝ၂၆)မြေကွက်များသည် မြေဧရိယာမပြည့်မှီသဖြင့် မြေဂရပ်ပြုလုပ်၍မရပါကြောင်း၊ ကျော်
    လွန်၍မြေပိုနေသာ (ဝ.ဝ၃၀)(ဝ.ဝ၃၁)(ဝ.ဝ၃၂) မြေကွက်များကိုသာ မြေဂရမ် ပြုလုပ်ပေးမည်ဖြစ်ကြောင်း
    အကြောင်းကြားလာပါသဖြင့် ၊ မြိတ်တောင်ကျေးရွာ ဥက္ကဋ္ဌ ၊ ရွှေပြည်တန်ရပ်ကွက် ရာအိမ်မှူး များနှင့်
    မတရား ခံနေရသော (အိမ်ခြေ ၈ဝ ကျော်)မြေကွက်ပိုင်ရှင်များမှ ကန့်ကွက်၍ယခင်ချထားပေးခဲ့သော
    မြေဧရိယာ(ဝ.ဝ၂၈)ဧက အားအမှန်အတိုင်းဖြစ်အောင်ပြန်လည်တိုင်းတာမှုပြုလုပ်ပေးပါရန်၊တောင်းဆို
    ကြရာ ၊ မြိတ်ခရိုင်မြေစာရင်းရုံးနှင့် မြိတ်ခရိုင်မြေစာရင်းဦးစီးဌါန ဦးစီးမှူးမှနေ၍ ၄င်းတို့အနေဖြင့် မြေများ
    ပြန်လည်တိုင်းတာမပေးနိုင်ကြောင်း၊မြေပုံဆွဲထားပြီးဖြစ်ကြောင်း၊၄င်းမြေပုံအားပြန်မပြင်လိုကြောင်း ၄င်း
    အတိုင်းအတည်ပြုထားပြီးဖြစ်ကြောင်း ပြောဆို၍ (၁-၁ဝ-၂ဝ၁၅) မှစ၍မြေဂရမ်များ ထုတ်ပေးလျက်ရှိ
    နေပါသည်။

    အထက်တွင်ဖေါ်ပြထားသောအချက်များ နှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်
    မြိတ်မြို့နယ် မြေစာရင်းရုံး မှ ဦးစီးမှူး နှင့် မြေတိုင်းစာရေးများ စသောလူ တစ်စု၏ အရည်အခြင်းညံ့ဖျင်း
    ခြင်း၊ စနစ်တစ်ကျ မဆောင်ရွက်နေခြင်း၊ တစ်ကိုယ်ကောင်းဆန်တတ်ခြင်းကြောင့် မြေကွက်ပေါင်း(၈၀)
    ကျော်၊အိမ်ခြေ (၈ဝ)ကျော် မှာ မတရားခံရ၍ အမှန်တရားပျောက်ဆုံးကာ နစ်နာမှုများဖြစ်ပေါ်နေသည့်
    အပြင် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် မြိတ်ဒေသ၏ မြို့ပြမြေပုံ မှားယွင်းနိုင်ခြင်း ၊ လက်ရှိဖြစ်ပေါ်နေ
    သော မြေပြင်အနေအထားနှင့် မြေပုံပါအချက်အလက်မမှန်ကန်ခြင်း၊ ရပ်ကွက်နေပြည်သူများ ဆူပူအုံကြွ
    လာနိုင်ခြင်းများကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာအနှောင့် အယှက်ဖြစ်ပေါ်လာနိုင်ပြီး
    နောက်ဆက်တွဲဆိုးကျိုး များဖြစ်လာနိုင်သဖြင့် ရွှေပြည်တန်ရပ်ကွက်အတွင်း မြေဂရမ်ချပေးနေခြင်းအား
    အမြန်ဆုံးတားဆီးပေး၍ ယခင်အတိုင်း(ဝ.ဝ၂၈)ဧက မြေဧရိယာအဖြစ်ပြန်လည်တိုင်းတာပေးပါရန်နှင့်
    အရည်အချင်း ပြည့်ဝသော မြေတိုင်းအရာရှိများအား နေရာချထားပေးပါရန် တာဝန်သိပြည်သူတစ်-
    ယောက်အနေဖြင့်၊ မြေဧရိယာ ဆုံးရှုံးနစ်နာသူ တစ်ယောက်အနေဖြစ်
    အသိပေးအကြောင်းအကြားတင်ပြအပ်ပါသည်။

    ReplyDelete