Monday, March 2, 2015

လျှပ်စစ်အန္တရာယ် သတိပြုကာကွယ်ရေး အသိပညာပေး




ပွင့်ဖြူ     ဖေဖော်ဝါရီ       ၂၈
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင်         မုန်းမြင့်ကျေးရွာနှင့်အင်းဒေါင်း ကျေးရွာ၌ လျှပ်စစ်မီးရရှိပြီိးဖြစ်၍လျှပ်စစ်မီးအောင်ပွဲအား ဖေဖော်ဝါရီ ၇ ရက်က အင်းဒေါင်းကျေးရွာ ၌ ကျင်းပခဲ့သည်။  မုန်းမြင့်နှင့်အင်းဒေါင်းကျေးရွာ လျှပ်စစ်မီးသုံးစွဲရေးအတွက်(၁၁)ကေဗွီဓါတ်အား လိုင်း(၃.၃)မိုင်၊ (၄၀၀)ဗို့လိုင်း(၂.၃)မိုင်၊ (၃၁၅)ကေဗွီအေထရန်စဖော်မာ(၁)လုံး တည်ဆောက်ခဲ့ပြီး စုစုပေါင်းငွေကျပ်သိန်း(၁၆၀၀) ခန့်ကုန်ကျခဲ့ပြီး လက်ရှိတွင် အိမ်ထောင်စု(၁၈၀)လျှပ်စစ်မီးသုံးစွဲနေ ပြီဖြစ်သည်။
          အဆိုပါကျေးရွာများသို့   ဖေဖော်ဝါရီ ၂၇ ရက်နေ့ကတိုင်းဒေသကြီး  လျှပ်စစ်အင်ဂျင်နီယာ ဦးသာစိုးမှလျှပ်စစ်အန္တရာယ်နှင့် ပတ်သက်၍ ကျေးရွာပြည်သူများအား အသေးစိတ်ရှင်းလင်း ပြော ကြားခဲ့ပြီး   မြို့နယ်လျှပ်စစ်  အင်ဂျင်နီယာနှင့်ဝန်ထမ်းများမှ  ကျေးလက်နေပြည်သူများ  လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး  အတွက်  အသိပညာပေး ပိုစတာများ  စိုက်ထူပေးခြင်းနှင့်  လက်ကမ်းစာ  စောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment