Friday, March 27, 2015

နှစ်(၇၀)ပြည့်တပ်မတော်နေ့ကို ဂုဏ်ုပြုကြိုဆိုသော အားဖြင့် လဲလူကျေးရွာမီးလင်းရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး(ဗဟိုဓါ တ်အားဖြန့်ဖြူရေး စနစ်)ဖွင့်ပွဲကျင်းပ


  မြို့သစ် မတ်  ၂၆
                ၂၀၁၅  ခုနှစ် မတ်လ၂၆ရက်နေ့ တွင်
  မြို့သစ်မြို့နယ် လဲလူကျေးရွာတွင်နှစ် (၇၀)ပြည့်
ဖြစ်သောတပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသော
အားဖြင့် နေရောင်ခြည်စွမ်းအင်သုံး (ဗဟိုဓါတ်အား
  ဖြန့်ဖြူရေးစနစ်) ဖွင့်ပွဲအခမ်းအနားကို မတ်  လ ၂၆
  ရက်နေ့ ညနေ၅းဝဝနာရီ အချိန်ကဖွင့်လှစ်ပေးခဲ့
  သည်။

                  ရှေးဦးစွာ မြို့သစ်မြို့နယ် အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဗိုလ်အောင်မောင်မောင်ကအဖွင့်အမှာစကား
ပြောကြားခဲ့သည်။

                   ဆက်လက်၍မြို့နယ်ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး
ဦးဇော်မင်းဦး က ကျေးရွာမီးလင်းရေးနှင့်ပတ်သက်
၍ ရှင်းလင်းဆွေးနွေးမှာကြာပြီးလဲလူကျေးရွာ
ရပ်မိရပ်ဖဖြစ်သောဦးကံဆယ်က  ယခုလို
ကျွန်တော်တို့ကျေးရွာမှာနေရာင်ခြည်စွမ်းအင်းဖြင့်
လဲလူကျေးရွာမှာ မီးရရှိမယ်ဆိုတာကို အစကမယုံ
ခဲ့ပါဘူး တကယ်ကိုမယုံစရာပါပဲ   ဘယ်အစိုးရ
မှယခုလို လုပ်မပေးခဲ့ပါဘူး အိမ်မက်  မက်နေ
သလားလို့တောင်ထင်မိပါတယ်  နောက်ဆုံးအနေ
နဲ့ပြောလိုတာကတော့ ယခုလို  လဲလူကျေးရွာကို
မီးလင်းအောင် ပံ့ပိုးပေးသော နိုင်ငံတော် အကြီး
အကဲများ အစစ အရာရာ ပံ့ပိုး ကူညီဆောင်ရွက်ပေး
သော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ဒေသ
ဖွဲံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း/ခရိုင်/မြို့နယ်
အစရှိသောဌာန အကြီးအကဲများ မြို့နယ်လျှပ်စစ်
အင်ဂျင်နီယာမှူးနှင့်တကွ လာရောက်တပ်ဆင်ပေး
ခဲ့သောကုမ္မဏီ ဝန်ထမ်းများအားလုံးကို လဲလူ
ကျေးရွာ ၏ကိုယ်စား အထူး ပင်ကျေးဇူးတင်ရှိပါ
ကြောင်းပြောကြားခဲ့သည်။

                 ထို့နောက် လျှပ်စစ်မီးလင်းရေး
ဆိုင်းပုဒ်အားမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဗိုလ်အောင်မောင်မောင် ပြည်သူလွှတ်တော်
ကိုယ်စားလှယ်ဦးမြင့်သူ မြို့နယ်ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးဦးဇော်မင်းဦးတို့ကဖဲ
ကြိုးဖြတ်ဖွင့်လှစ်ပေးပြီးတက်ရောက်လာသော
လဲလူကျေးရွာဒေသခံများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ
နုတ်ဆက်ခဲ့ကြောင်းသိရသည်။
                                            ဇော်ဇော်(မြို့သစ်)

0 comments:

Post a Comment