Tuesday, March 10, 2015

ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများ၊ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ၏ တိုးတက်မှုဆိုင်ရာ အသိပေး ဆွေးနွေးပွဲ ကျင်းပ




မကွေး        မတ်      
        မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် Save the Children တို့ပူးပေါင်းကျင်းပသော မကွေးတိုင်းဒေသကြီး အတွင်းဆောင်ရွက်လျှက်ရှိသည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ အသိပေးဆွေးနွေးပွဲကို မတ် ၉ ရက်နေ့ နံနက် ၉ နာရီက မကွေးဟိုတယ် ခန်းမ၌ ကျင်းပခဲ့သည်။
          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းကအဖွင့်အမှာ စကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ခင်နွဲ့က အမှာစကားပြောကြား ခဲ့ပါသည်။ယင်းနောက် Save the Children  အဖွဲ့ ၊ Magway Region ,Head of Regional Office  ဦးနေမျိုးထွန်းက Save the Children အကြောင်းရှင်းလင်းတင်ပြပြီး Save the Children အဖွဲ့ ၊ ပညာရေးအစီ အစဉ် ၊ ဇုန်နယ်မန်နေဂျာ ဦးစိုးသောင်းက မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျှက်ရှိသော ရှေးဦးအရွယ်  ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်မှုအခြေအနေများကို တင်ပြဆွေးနွေးကာ Save the Children အဖွဲ့ ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်မှ ၊ Senior Project Officer  ဦးအောင်ကိုနိုင်က မကွေးတိုင်းဒေသကြီးအတွင်းဆောင်ရွက်လျှက်ရှိသော ကလေးသူငယ်များအား အရွယ်မတိုင်မီ စစ်မှုထမ်းရန်စုဆောင်းခြင်းမှ ကာကွယ်ခြင်းနှင့်ပြန်လည်ဝင်ဆန့်ပေါင်းစည်းခြင်းဆိုင်ရာ စီမံချက် လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကိုတင်ပြခဲ့သည်။

          ဆက်လက်၍ ကျန်းမာရေးစီမံချက်မှ စီမံချက်မန်နေဂျာ ဒေါက်တာဦးလှိုင်းဝေအောင်က ကျန်းမာရေး စီမံချက်များအကြောင်း ဆွေးနွေးပြီး ဒေါက်တာဦးတင့်လွင်ဦးက ငှက်ဖျားရောဂါနှင့်HIV/AIDS အကြောင်း ဆွေးနွေးကာ တက်ရောက်လာသူများမှ အပြန်အလှန်မေးမြန်းဆွေးနွေးရာတွင် ပထမဦးစွာ လူမှုရေးဝန်ကြီးက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တိုးတက် မှုများ၊နှိုင်းယှဉ်ချက်များပြုလုပ်ထားရန်နှင့် ထိရောက်သည့် ညှိနှိုင်းပွဲ၊ဆွေးနွေးပွဲများ ဖြစ်အောင်လုပ်ဆောင်ရန် အကြံပြုဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ မရှင်းလင်းသည်များကိုမေးမြန်းပြီးလုပ်ငန်းအပေါ်အကြံပြု ဆွေးနွေး၍ လူမှုရေးဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့သည်။

          အဆိုပါဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစီုးရအဖွဲ့ လူမှုရေးဝန်ကြီး ၊ ဖိတ်ကြားထားသောတိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် Save the Children မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရှိ ရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment