Tuesday, March 10, 2015

ရေနံချောင်းမြို့နယ် စခန်းကန်ကျေးရွာ မီးလောင်မှုဖြစ်ပွား




ရေနံချောင်း      မတ်     
          မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့၏ အရှေ့ဘက် စခန်းကန်ကျေးရွာတွင် ယနေ့ နံနက် ၈း၅၅နာရီအချိန်တွင် ဒေါ်ဝင်း(၃၀)နှစ်(ဘ)ဦးရာထွန်း၏ နေအိမ်၌ မီးကျွင်းမီးကျန်မှစ၍ မီးစတင်လောင်ကျွမ်းခဲ့သည်။


အဆိုပါမီးလောင်မှုကို သိလျှင်သိချင်း ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးစီး၍ မြို့နယ်အထောက်အကူပြု ကော်မတီဝင်များ၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေနံချောင်ရေနံမြေမှ မီးသတ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များသွားရောက်၍ ကျေးရွာသူရွာသားများနှင့်မီးငြိမ်းသတ်ခဲ့ရာ ၉း၄၀ နာရီအချိန်တွင် မီးညွှန့်ကြိုးခဲ့ပြီး ၉း၅၅အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် အိမ်ခြေစုစုပေါင်း(၆၃)လုံး၊ အိမ်ထောင်စု(၆၃)စု၊ ကျား(၁၁၃)ဦး၊ မ(၁၄၀)ဦး စုစုပေါင်း(၂၅၃)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး(၉၈၅၀၀၀၀)ဖြစ်ကြောင်းသိရသည်။ 

ရေနံချောင်းမြို့နယ်၊ စခန်းကန်ကျေးရွာ မီးလောင်မှုဖြစ်ပွားရာသို့ ယနေ့မွန်လွဲ၊(၁း၀၀)နာရီအချိန်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုဗိုလ်ချုပ်စိုးထွဋ်၊ မကွေးတိုင်းဒေသကြီး လုံးခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးနေ၀င်း၊ မကွေးလေတပ် စခန်းဌာနချုပ်မှူးဗိုလ်မှူးချုပ်အောင်ဆန်းဝင်း၊ နတ်မောက်တပ်နယ်မှ ဗိုလ်မှူးချုပ်လှဇော်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးလူလူသန်းနှင့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူးတို့်မှသွာရောက်၍ မီးလောင်ပြင်ရှင်လင်းခြင်း၊ မီးဘေး သင့်ပြည်သူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း ၊ မီးဘေးသင့်ပြည်သူများအတွက် လိုအပ်သောလုံခြုံရေး၊ ကျန်းမာရေး၊ ရေရရှိရေးပြန်လည်နေရာချထားရေးလုပ်ငန်းများ ကွပ်ကဲမှုအဖွဲ့များ ဖွဲ့စည်း၍ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရေး၊ အမြန်ဆုံးပြန်လည်ထူးထောင်နိုင်ရေး အတွက် ကျေးရွာမှရပ်မိရပ်ဖများ ၊မကွေးခရိုင်မှတာဝန်ရှိသူများအား မှာကြားခဲ့ပြီး တိုင်းမှူးမှ လတ်တလောစားသုံးရန် ဆန်အိတ်(၃၀)အိတ်၊ အသင့်စားသုံးနိုင်သော ခေါက်ဆွဲခြောက်ထုတ်များအား၊ ကျေးရွာရှိ မီးဘေးသင့်ပြည်သူများထံသို့ ပေးအပ်ခဲ့သည်။

၎င်းနောက် အလယ်ပိုင်းတိုင်စစ်ဌာနချုပ်တိုင်းမှူး ၊တိုင်းဒေသကြီးလုံးခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့သည် ကျေးရွာအတွင်းရှင်းလင်းဆောင်ရွက်နေသည့် နတ်မောက်တပ်နယ်နှင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လိုအပ်သောပစ္စည်းများအားထောက်ပံ့ပေးခဲ့သည်။ ဆက်လက်၍ရေနံချောင်းမြို့နယ် စခန်းကန်ကျေးရွာမီးသင့်ပြည်သူများအား ခေတ္တထားရှိမည့် ကျေးရွာဦး ဘုန်းတော်ကြီးကျောင်းနှင့် အမက(၅၄)နေရာတို့အား တိုင်းမှူးနှင့်၊တိုင်းဒေသကြီးလုံးခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးတို့မှ ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ မီးဘေးကယ်ဆယ်ရေးပစ္စည်းများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ရေးပစ္စည်းကိရိယာများ ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment