Monday, March 2, 2015

တောင်တွင်းကြီးမြို့နယ်တွင် နေအိမ်မီးကြွင်းမီးကျန်မှတစ်ဆင့် အဆောက်အဦး ၃ လုံးမီးလောင်ဆုံးရှုံး

၂၀၁၅ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နံနက် (၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ ကွင်းပေါင်းကျေးရွာနေ မင်းမင်းနိုင်(၃၂)နှစ်၏ နေအိမ်မီးဖိုဆောင်မီးကြွင်း မီးကျန်မှတစ်ဆင့် မီးကူးစက် လောင်ကျွမ်းခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဆတ်သွားနယ်မြေရဲစခန်းမှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ် ၁ စီး၊ ရွာသူ/သားများမှ ဝိုင်းဝန်း ငြိမ်းသတ်ခဲ့၍ ဝ၂၃ဝ အချိန်မီးငြိမ်းသွားခဲ့ကြောင်း သတင်းရရှိပါသည်။ 
မီးလောင်မှုကြောင့် (၄ x ၃) ပင် သက္ကယ်မိုး/ ထရံကာ မြေစိုက်မီးဖိုဆောင် ၁ လုံး၊ ၄ ပင် ပတ်လည် သွပ်မိုး ထားသည့် နွားတင်းကုတ် ၁ လုံး၊ ၃ ပင် ပတ်လည်သက္ကယ်မိုး နွားတင်းကုတ် ၁ လုံး၊ စုစုပေါင်း အဆောက် အဦ (၃)လုံး၊ တန်ဘိုး(၂၈၇ဝဝဝိ/-) မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးအား ပေါ့ဆစွာ အသုံးပြုသူ မင်းမင်းနိုင် အား တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း (ပ)၃၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment