Tuesday, March 17, 2015

ဆေးကုသမှုများ ကွင်းဆင်းဆောင်ရွက်



 ချောက် မတ် ၁၇ ရက် 
မကွေးတိုင်းဒေသကြီး ၊ချောက်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများကို နယ်လှည့်ကွင်းဆင်းဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

 ချောက်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ပြည်သူပိုင်  ၊သ/မပိုင် ၊ ပုဂ္ဂလိကပိုင် အလုပ်ဌာနများသို့ နယ်လှည့်ဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသပေးးခြင်းလုပ်ငန်းကို (၁၆-၃-၂၀၁၅)ရက်နေ့မှစတင်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ၊ အမှတ် (၂) အပန်းဖြေစခန်းတွင် (၄) ရက်ကြာဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ 

အဆိုပါဌာနများမှအကျုံးဝင်မှတ်ပုံတင်ထားသောအာမခံအလုပ်သမားများ၏ ကျန်းမာရေးကာကွယ် စောင့်ရှောက်ပေးခြင်း ၊ရောဂါရှာဖွေပေးခြင်းများကို မြို့နယ်အတွင်းရှိစက်ရုံများသို့ လှည့်လည်၍ ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ၊အကျုံးဝင်မှတ်ပုံတင်အာမခံအလုပ်သမား (၃၅၀၀)ကျော်ရှိကြောင်း လူမှုဖူလုံရေးရုံးမှ ရုံးခွဲတာဝန်ခံ ဒေါ်သန်းသန်းအေး ၏ပြောကြားချက် အရသိရှိရသည်။
                                                                           မချို(;ချောက်)

0 comments:

Post a Comment