Friday, March 27, 2015

မကွေး မြင်းကင်းလမ်းမ ပျက်စီးနေမှုအပိုင်းများပြုပြင်ပေးရန် ဒေသခံများလိုလားလျှက်ရှိ




  မကွေး  မတ်  
  မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တွင်အဆောက်အဦများ၊လမ်း၊တံတားများဆောက်လုပ်ရေးလုပ်ငန်းများအတွက် အုတ်၊သဲ၊ကျောက်အဓိက ထုတ်လုပ်၍အရောင်းအဝယ်ပြုလုပ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင်မကွေးမြို့နှင့်မြင်းကင်း
လမ်းမကြီးကိုအဓိကအားထားအမှီပြုနေကြောင်း၊ချောင်းဖြူ၊ဘင်္ဘောဆိပ်၊မြင်းကင်းကျေးရွာများမှဝန်ထမ်းများ
၊ကျောင်းသားကျောင်းသူများနှင့်ဒေသခံဈေးသည်များအပြင်အောင်မေတ္တာ(က၊ခ)ရပ်ကွက်များရှိဌာနဆိုင်ရာ
ဝန်ထမ်းများ၊တက္ကသိုလ်ကျောင်း
သားကျောင်းသူများနှင့်စက်မှု၊လက်မှုလုပ်သားများ၊ဒေသခံများသည်မကွေး မြင်းကင်းလမ်းမကြီးအဓိက
အားထားသွားကြရကြောင်း
ဒေသထွက်ကုန်သီးနှံများအရောင်းအဝယ် ဆက်သွယ်မှုမပြတ်သယ်ယူပို့ဆောင်နေကြကြောင်းသိရှိရသည်။

  ထိုအပြင်မကွေး တောင်တွင်းမီးရထားဘူတာရှိခြင်း၊မကွေးမှဆေးတက္ကသိုလ် စက်မှုတက္ကသိုလ်များသို့မီးရထားဖြင့်ကျောင်းသွား
ကျောင်းပြန်သည့်ကျောင်းသား ကျောင်းသူများနှင့်ဝန်ထမ်းများရှိခြင်း၊မကွေးတက္ကသိုလ်စာသင်ဆောင်များ
အပြင်ဆရာ၊ဆရာမ
အဆောင်များသည်လည်း မကွေး မြင်းကင်းလမ်းမကြီးနဘေးတွင်တည်ရှိခြင်းတို့ကြောင့်ဆရာ၊ဆရာမများ ကျောင်းသားကျောင်းသူ
များ၊ဝန်ထမ်းများ ဒေသခံပြည်သူများတို့သည့် ကားများ၊ဆိုင်ကယ်များအပြင်စက်ဘီးနှင့်တချို့ခြေလျှင်တချို့သွားလာကြရသည်။
 ၎င်းလမ်းမသည်တချို့နေရာများတွင်ဆိုးဝါးစွာပျက်စီးနေသဖြင့် အုတ်သယ်ကားများ သဲသယ်ဖောကားများနှင့်ကုန်စည်ပို့ဆောင်ရေး
ကားနှင့်အရှောင်အတိမ်းပြုလုပ်ရာ၌များစွာစိတ်အနှောက်အယှက်ဖြစ်ကြသည့်အပြင်ညအခါများတွင်မတော်
တဆယာဉ်အက်စီးဒင့်ဖြစ်
ခြင်း၊ယာဉ်တိုက်မှုများမကြာခဏဖြစ်ဖြစ်ခြင်းတို့ကြောင့် မကွေး မြင်းကင်းလမ်းမကြီးအားပြုပြင်ပေးရန်လိုလားလျှက်ရှိကြောင်း
ဒေသခံများကပြောပြကြသည်။
  " မကွေး မြင်းကင်းလမ်းမကြီးက မကွေးတိုင်းဒေသကြီးအတွက်လမ်းတံတားပြုပြင်ဆောက်လုပ်ဖို့အုတ် သဲ ကျောက်သယ်ယူပို့ဆောင်
တဲ့နေရာမှာအဓိကအသုံးဝင်ပြုကြတယ်။ဒါအပြင်မကွေး တောင်တွင်းကြီး နေပြည်တော်အထိခရီးသွားလာ
နိုင်တဲ့မီးရထားဘူတာရှိတော့
မနက်စောစောသုံးနာရီခွဲကစပြီးမီးရထားစီးလို့တဲ့ခရီးသည်တွေလာကြတယ်။မင်းလှအဆောင်လမ်းခွဲကနေ
 အောင်မေတ္တာသစ်တော
လမ်းစုံအထိင်္မီးမှောင်နေသလိုလမ်းကလည်းပျက်နေတယ်။တချို့ဆိုင်ကယ်တွေလမ်းမှာမှောက်ကြ တိုက်ကြဖြစ်ကြတယ်။မကွေး
တက္ကသိုလ်ကနေ မြင်းကင်းရွာအထိနှစ်မိုင်လောက်အထိလမ်းကပျက်စီးနေတယ်။မကွေးတိုင်းဒေသကြီးရဲ့
အဓိကဆောက်လုပ်ရေး
လုပ်ငန်းသုံးလမ်းမဖြစ်သလိုဋ္ဌာနဆိုင်ရာတာဝန်ရရိသူတွေ ဆရာ ဆရာမတွေ ကျေင်းသား ကျောင်းသူတွေနဲ့ဒေသပြည်သူတွေအန္တ
ရာယ်ကင်းရှင်းစေရေးအတွက်အမြန်ဆုံးပြုပြင်ပေးစေခြင်ပါတယ်"ဒေသခံတစ်ဦးကပြောပြသည်။

ဇွဲထက်ရှင်

0 comments:

Post a Comment