Friday, March 27, 2015

သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးခြင်းနှင့် မှုခင်းကျဆင်းရေး ဟောပြော



ပေါက်      မတ်      ၂၅
          မကွေးတိုင်းဒေသကြီး ပေါက်မြို့ အမက (၁)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက မူးယစ်ဆေးဝါးအန္တရာယ်နှင့်မှုခင်းကျဆင်းရေး ပညာပေး ဟောပြောပွဲကျင်းပရာ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအေးက ယာဉ်မောင်းသူများ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ယာဉ်ပေါ်ပါသူပါ အသက်ဆုံးရှုံးမှုမရှိစေရး၊သင်္ကြန်ကာလအတွင်း ဆိုင်ကယ်စီးသူ၊ ကားမောင်းသူများ မူးယစ်ဆေးဝါး သုံးစွဲမှုမရှိစေရေး၊မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို  ဟောပြောခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ အဆိုပါဟောပြောပွဲတွင် ရဲမှူးစောကြိုင်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးဆောင်ရွက်ချက်များကို လည်းကောင်း၊ရဲအုပ်မောင်မောင်စိန်ကယာဉ်စည်းကမ်းလမ်းစည်းကမ်း များနှင့်မြို့နယ်ဥပဒေအရာရှိ ဒေါ်စောမြတ်နွယ်က ယာဉ်တိုက်မှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကျခံစေရမည့် ဥပဒေအကြောင်းအရာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

          ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မြို့မိမြို့ဖများ၊ဒေသခံပြည်သူများနှင့်ယာဉ်မောင်းသူများ အပြန်အလှန် အကြံပြု ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment