Monday, March 9, 2015

မြို့နယ်အဆင့် အကြံပြုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




ငဖဲ     မတ်    
          မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု မူကြမ်းပြုစုနိုင်ရေးအတွက် မြို့နယ်အဆင့် အကြံပြုဆွေးနွေးပွဲကို မတ် ၆ ရက်နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်မှ အဖွင့်အမှာစကားပြောကြားပြီး အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု မူကြမ်းများအား တက်ရောက်လာသူများမှ အဖွဲ့(၄)ဖွဲ့ ခွဲ၍ အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

          အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်စီမံကော်မတီဝင်များ၊ဖွံ့ထောက်ကော်မတီဝင်များနှင့်စည်ပင်ကော်မတီဝင်များ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်ရပ်မိရပ်ဖများ၊နိုင်ငံရေးပါတီများမှကိုယ်စားလှယ် များ စုစုပေါင်းအင်အား(၁၀၅)ဦး တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment