Sunday, March 29, 2015

ကျောင်းသားများနှင့်ဝန်းရံပြည်သူများလွှတ်ပေးရန်နှင့်ဥပဒေမဲ့လုပ်ရပ်များကိုအရေးယူဆောင်ရွက်ပေးရန်ကို ကျော်သူသူ မှတောင်းဆို



သာယာဝတီအကျဉ်းထောင်တွင်ဖမ်းဆီးခြင်းခံထားရသောဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းမှ
ဆန္ဒပြ
ကျောင်းသား၊ကျောင်းသူများနှင့်ဝန်းရံပြည်သူများကိုမတ်လ၂၅ရက်တွင်လက်ပံတန်းတရားရုံးတွင်ဒုတိယ
အကြိမ်ရုံးထုတ်စစ်ဆေးခဲ့ရာညနေပိုင်းတွင်ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းဝန်းရံပေးခဲ့
သည့်ပြည်သူ၁၁ဦးအား
တစ်ဦးလျှင်၁၀သိန်းဖြင့်လူနှစ်ဦးအားအာမခံပေးလွှတ်ပေးခဲ့သည့်၁၁ဦးတွင်ပါဝင်သောရေစကြိုမြို့မှ
ကိုကျော်သူသူ
ပြန်လည်လွတ်မြောက်ခဲ့ရာကိုကျော်သူသူအားဖြစ်ရပ်မှန်ဖြစ်စဉ်များကိုသတင်းထောက်ဘိုရဲ(ကျော်ကြား)
မှမေးမြန်းခဲ့ရာကိုကျော်သူသူမှအကြမ်းဖက်ဖြိုခွင်းခြင်းခံရပုံကိုပြောကြားပါသည်။မတ်လ၁၀ရက်နေ့
၁၁နာရီလောက်မှာစတင်
ပြီးဖြစ်တယ်နောက်သူတို့ဘက်ကခဲတွေစပြီးကျလာတယ်နောက်ရိုက်နှက်ဖမ်းဆီးတာတွေဖြစ်လာတယ်။

ကျွန်တော်တို့ကဘုန်းတော်ကြီးကျောင်းအတွင်းမှာရှိနေတယ်နေ့လည်၁နာရီ၃၀မိနစ်လောက်
မှာကျောင်းကိုဝိုင်းပြီးဖမ်းတယ်ကျောင်းသားတွေနဲ့တာဝန်ရှိသူတို့ညှိုနှိုင်းတယ်၊ကျောင်းသားဖက်က
အသာတကြည်အဖမ်းခံမယ်၊အကြမ်းမဖတ်ပါနဲ့လို့ပြောတယ်၊သူတို့ကလည်းအကြမ်းအဖက်ဘူးဆိုပြီးပြော
တာကျောင်းသား၊ကျောင်းသူတွေကိုဖမ်းပြီးခေါင်း
ပေါ်လက်တင်ပြီးပုံစံထိုင်ခိုင်းတယ်သူတို့စိတ်ကြိုက်ထိုင်ခိုင်းပြီးအသားကုန်ရိုက်တော့တာပါဘဲ၊ရိုက်တယ်၊
ကန်
တယ်၊ဖိနပ်နဲ့တက်နင်းတယ်၊ကျောင်းသားတွေမှာပါတဲ့ပစ္စည်းတွေကိုရှာဖွေပုံစံနဲ့မသိမ်းဘူး၊ရဲလက်စွဲနဲ့
မညီရှိတဲ့ပါတဲ့ပစ္စည်းအကုန်ယူသွားတယ်။ကျွန်တော့လက်ပတ်နာရီအကောင်းစားနဲ့လက်ကိုင်ဖုန်း(၃)
လုံးစုစုပေါင်းသိန်း(၂၀)ခန့်ရှိတယ်။အလှုရှင်များလှူထားတဲ့ငွေ၃သိန်းကျော်ပါသွားတယ်၊မတ်လ၂၅ရက်
အာမခံရလို့ပြန်တောင်းတော့
အကုန်ခလွှဲချတယ်။ရဲတပ်ရင်း၁၁နှင့်သာဆိုင်ကြောင်းပြောတယ်၊ပစ္စည်းသိမ်းခံရတဲ့ကျောင်းသားများက
မကျေနပ်ဘူး။ဒီလိုလုပ်တာဟာဥပဒေမဲ့လုပ်တာရဲလက်စွဲနဲ့မညီဘူး၊ဒီကိစ္စကိုတာဝန်ရှိသူများဆောင်ရွက်ပေးပါလို့တောင်းဆိုပါတယ်။ဆက်လက်ပြီးကိုကျော်သူသူမှဘုန်းတော်ကြီးကျောင်းထဲမှရိုက်နှက်ဖမ်းဆီးပြီးအချုပ်ကားပေါ်တင်တော့
လည်း အချုပ်ကားပေါက်မှာတစ်ဖက်10 ယောက်စီတန်းစီရပ်နေပြီးသူတို့အယောက်20ကြားကတက်ရတယ် ။အချုပ်ကားအတက်မှာရိုက်တော့တာပါဘဲအငြိုးကြီးစွာနဲ့ရိုက်တာလဲသွားရင်အကန်ခံရတယ်အချုပ်ကားထဲမှ
ကျောင်းသား40ကျော်ထည့်ပြီးသာယာဝတီထောင်ကိုပို့တာအသက်ရှူကြပ်ပြီးမသေရုံတမည်လိုက်ရတယ်။
အကျဉ်းထောင်ထဲမှာတော့ရိုက်တာနှက်တာမရှိပါဘူး။စစ်ကြောရေးကစစ်ဆေးမေးမြန်းရေးမှာနေ့စား
5000ရလို့လိုက်တာလားဆိုတဲ့မေးခွန်းအိမ်မှာစားစရာမရှိလို့လိုက်တာလားဆိုတဲ့မေးခွန်းတွေမေးကြောင်းပြောပါသည်။ကျောင်းသား
များကစပြီးခဲများနှင့်ပစ်လို့ရိုက်ရတာပါဆိုတဲ့လူကြီးများကိုပြန်မေးချင်ပါတယ်လူကြီးမင်းများ
ခင်ဗျားကျောင်းသား
1ယောက်ကိုရဲနှစ်ဆယ်လောက်ဝိုင်းရိုက်တာကိုဆိုလိုတာလားလို့မေးချင်ပါတယ။်

ကျွန်တော်တို့အရိုက်အနှက်ခံရသလိုနောက်နောင်မှာကျောင်းသားဘဲဖြစ်ဖြစ်ပြည်သူဘဲဖြစ်ဖြစ်ကျွန်တော်တို့
ခံစားရသလိုအရိုက်အနှက်မခံကြရပါစေနဲ့လို့ဆုတောင်းပါတယ်။
ကျောင်းသားကျောင်းသူများနှင့်ဝန်းရံပြည်သူ၆၉ဦးသည်သာယာဝတီထောင်အတွင်းမှာကျံရှိနေပြီးအဝေးသင်
ကျောင်းသားများကိုသက်ဆိုင်ရာကကျောင်းသားလို့မသက်မှတ်ဘူးလို့ဆိုပါတယ်ကျောင်းသားခေါင်းဆောင်
ကိုမင်းသွေးသစ်၊ ကိုအောင်နိုင်ဆန်း၊ မဖြိုးဖြိုးအောင်၊ မအိသဉ္စာအောင် ၊ ကိုသီဟ၀င်းတင် ၊ ကိုမိုးနေထက် ၊ မဟန်နီဦးတို့ (ရ)ဦး အဝေးသင်ကျောင်းသား (၁၃)ဦး ၀န်းရံ ပြည်သူ (၄၉)ဦး တို့ကျံပြီး ၄င်းကောင်းတို့ကိုပုဒ်မ ၁၄၃၊ပုဒ်မ၁၄၅၊ပုဒ်မ၁၄၇၊ပုဒ်မ၃၃၂၊ပုဒ်မ၅၀၅(ခ)တို့ဖြင့်တရားစွဲဆိုခံနေပြီးကျွန်တော်တို့ဟာ
အမျိုးသားပညာရေး
ပြုပြင်ပြောင်းလဲရန်၊ပညာရေးကောင်းမွန်အောင်တောင်းဆိုတာဖြစ်ပြီးနိုင်ငံတော်အကြီးအကဲများနှင့်
ပညာရေးဌာနမှမည်သည်ပုဂ္ဂိုလ်မှမပြောဘဲပညာရေးသာအဓိကအဖြစ်တောင်းဆိုတာဖြစ်လို့အားလုံး
ကိုတစ်ပြေးညီချွန်းချက်မရှိလွှတ်ပေးပါရန်တောင်းဆိုပါကြောင်းပုဒ်မ၁၄၃၊ပုဒ်မ၁၄၅၊ပုဒ်မ၁၄၇တို့ဖြင့်
တရားစွဲဆိုခံထားရသောရေစကြိုမှ
ကိုကျော်သူသူမှပြောကြားပါသည်။

                                          ချင်းတွင်းဧရာသား

0 comments:

Post a Comment