Tuesday, March 10, 2015

မင်းလှမြို့နယ်စမ်းကြီးကျေးရွာတွင် အရွယ်မရောက်သေးသောမိန်းကလေးအား သားမယားအဖြစ်အဓမ္မပြုကျင့်မှု့ဖြစ်ပွား

             မင်းလှ၊ မတ်လ ၁၀ 
                            မကွေးတိုင်းဒေသကြီးမင်းလှမြို့နယ်စမ်းကြီးကျေးရွာတွင်မတ်လ(၆)ရက်နေ့လည်၁၂နာရီအချိန့်ခန့်က
အရွယ်မရောက်သေးသောမိန်းကလေးတစ်ဦးအားသားမယားအဖြစ်အဓမ္မပြုကျင့်ခဲ့သောမှု့ဖြစ်စဉ်တ
ခုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။  

        စမ်းကြီးကျေးရွာနေ ဒေါ်ခင်မာအေး (သ)၃၃နှစ်သည်မတ်လ၆ရက် နေ့လည်၁၂နာရီအချိန်ခန့်တွင်ယောက်မဖြစ်သူဒေါ်ခင်ဌေးနေအိမ်၌
ကုလားပဲစေ့ရွေးနေစဉ် 
သားဖြစ်သူတင်ကိုလင်း(၈)နှစ်မှာ ရွာဘုန်းကြီးကျောင်းတွင် ကစားနေ၍ သွားရောက်ခေါ်ရန် သမီးဖြစ်သူ မ----(၁၀)နှစ်အားအခေါ်လွှတ်ခဲ့ရာ နာရီဝက်ခန့်အကြာထိသမီး
ဖြစ်သူမှာနေအိမ်သို့ရောက်ရှိလာခြင်းမရှိသဖြင့်မိခင်ဖြစ်သူမှာလိုက်သွားခဲ့ရာ ဘုန်းကြီးကျောင်းတွင်ရှာမတွေ့၍ သမီးဖြစ်သူအားလှမ်းခေါ်ရာ သမီးဖြစ်သူမှာ ဖရဲသီးတစ်လုံး
နှင့်အတူ ဘုန်းကြီးကျောင်းသို့ရောက်လာပြီး ကျောင်းအောက်အရောက်တွင် လဲသွားသဖြင့်ဘာဖြစ်တာလဲဟုမေးရာ သမီးဖြစ်သူမှ ရဲဌေး(ခ)မင်းနွယ်စိုးမှဖရဲသီးခူးရအောင်
ဟုပြောပြီးခေါ်သွားကာ ကျောင်းဘေးရှိချောင်းထဲတွင် ပါးစပ်ပိတ်ကာ သားမယားအဖြစ်တကြိမ်ပြုကျင့်ခဲ့ကြောင်းပြောပြသိရသဖြင့်ကျေးရွာအုပ်ချုပ်ရေးမှုး နေအိမ်သို့တိုင်
တန်းရန်သွားရောက်ခဲ့ရာအုပ်ချူပ်ရေးမှုးခရီးလွန်နေသဖြင့် နောက်နေ့မှအုပ်ချုပ်ရေးမှုးနှင့်တိုင်ပင်ကာ
သမီးဖြစ်သူအား သားမယားအဖြစ်အဓမ္မပြုကျင့်ခဲ့သူရဲဌေး(ခ)မင်းနွယ်စိုး
အားဥပဒေအရ အရေးယူပေးရန်တိုင်းတန်းသဖြင့်ရေနံမစခန်းမှုးရဲအုပ်ရွှေဝင်းမောင်မှပြစ်မှု့ကျူးလွန်သူအား
 နေ့ချင်းဖမ်းဆီးခဲ့ကြောင်းသိရသည်။ 

          ၎င်းဖြစ်စဉ်နှင့်ပတ်သတ်၍ မ---(၁၀)နှစ်အား သားမယားအဖြစ်အဓမ္မပြုကျင့်ခဲ့သူ ရဲဌေး(ခ)မင်းနွယ်စိုးအား (ပ)၂၃/၂၀၁၅ ဥပဒေပုဒ်မ၃၇၆ဖြင့်အရေးယူ
ဆောင်ရွက်နိုင်ရန်ရေနံမနယ်မြေရဲစခန်း ၊အမှုစစ်အရာရှိစခန်းမှုး ရွေဝင်းမောင်မှဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

            
  မင်းထီး(ရေနံမ)

0 comments:

Post a Comment