Monday, March 2, 2015

ကျေးလက်ဒေသ အခြေခံမွေးမြူရေး လုပ်သား မွမ်းမံသင်တန်းဖွင့်


ချောက်     မတ် ၂ ရက်
      မွေးမြူရေး ရေလုပ်ငန်းနှင့်ကျေးလက် ဒေသဖွံ့ ဖြိုးရေးဝန်ကြီးဌာန မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနတို့ သည် ကျေးလက်နေ ပြည်သူများ အခြေခံမွေးမြူရေးအသိပညာ  ဖွံ့ ဖြိုးတိုးတက်စေရေးအတွက် ကျေးလက် ဒေသအခြေခံမွေးမြူရေးလုပ်သားမွမ်းမံ သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက် ၁၀ နာရီ ကမြို့ နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ရုံးခန်းမတွင်ကျင်းပသည်။
      မကွေးတိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်ဦး မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက်  တို့ ကအမှာစကားပြောကြားပြီး မြို့ နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာစိုးလင်းက သင်တန်းဖွင့်လှစ်ရ ခြင်းရည်ရွယ်ချက် စီမံဆောင်ရွက်ခဲ့မှု အခြေအနေ
များကို ရှင်းလင်းပြောကြားခဲ့ သည်။
      အဆိုပါသင်တန်းကို တိုင်းဒေသကြီး အစိုးရ၏အစီအစဉ်ဖြင့်ဆောင်ရွက်ခြင်းဖြစ် ပြီး မတ်လ ၂ ရက်မှ ၈ရက်ထိ ရက်သတ္တ တစ်ပတ် စာတွေ့ လက်တွေ့ ပို့ ချ၍ သင်တန်းသား ၃၀ ဦးတက်ရောက်လျက်ရှိ ပြီးမွေးမြူကုသရာတွင်အသုံးပြုရန် ဆေးထိုးပိုက်နှင့်အပ်များအခမဲ့ပေးအပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မကွေးသတင်းစုံ

0 comments:

Post a Comment