Tuesday, March 10, 2015

မှန်လုံယာဉ် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား၍ လူသုံး ၂ ဦးသေဆုံးပြီး သံဃာတော် ၁ပါးပျံလွန်တော်မူ




ငဖဲ     မတ်     ၁၀
          မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မတ် ၉ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်က စစ်တွေ မှမန္တလေးသို့ ခရီးသည်(၄၃)ဦးတင်ဆောင်၍ ယာဉ်မောင်းဦးဘခိုင်(၅၀)နှစ် မန္တလးမြို့သစ် မောင်းနှင်လာသည့် နန်းတော်ဝင် ယာဉ်လိုင်း ယာဉ်အမှတ်  9B/----FUSO အမျိုးအစား မှန်လုံယာဉ်သည် ငဖဲမြို့နယ် စပ်စီကျေးရွာအုပ်စု၊မင်းဘူး-အမ်းလိုင်းပိုင်း(နတ်ရေကန် ရှောင်ကွင်း) မိုင်တိုင်အမှတ်(၄/၁)အနီး ကုန်းအဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ရှိပေ (၁၅၀)ခန့် နက်သော ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

          အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဦးဘခိုင်(၅၀)နှစ်(ယာဉ်မောင်း)(ဘ)ဦးကျော်ခိုင် မန္တလေးမြို့သစ်၊ဦးရဲထိုက်(ခ)ကုလား(၂၅)နှစ်(ယာဉ်နောက်လိုက်)(ဘ)ဦးငြိမ်းအောင်နှင့်ဦးစန္ဒော ဘာသ သက်တော်(၅၀)၀ါတော်(၃၂) ၀က်မကျကျေးရွာ ပေါက်တောမြို့၊ကျား(၂)ဦးနှင့်သံဃာ တော်(၁)ပါး သေဆုံးခဲ့ပြီး ကျား(၉)ဦး နှင့် မ(၇)ဦး ပေါင်(၁၆)ဦးတို့အား မင်းဘူးမြို့နယ် ပြည်သူ့ ဆေးရုံတွင်တက်ရောက်ဆေးကုသလျှက်ရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment