Friday, March 13, 2015

မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု မူကြမ်းအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်`



မကွေး     မတ်     ၁၁
မကွေးတိုင်းဒေသကြီး  စည်ပင်သာယာရေးအဖွဲ့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု မူကြမ်း အလုပ်ရုံ  ဆွေးနွေးပွဲ  အခမ်းအနားကို မတ် ၁၀ ရက် နံနက် ၉ နာရီက   တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုခဲ့သည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး  စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးမောင်မောင်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊   တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊အမှုဆောင်အရာရှိများမှတစ်မြို့နယ်ချင်းအလိုက် စည်ပင်သာယာရေးကိစ္စရပ်များ နှင့်အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး မူကြမ်းများ ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆက်လက်၍    တိုင်းဒေသကြီး    စည်ပင်သာယရေးအဖွဲ့   ဒုတိယအင်ဂျင်နီယာမှူးကြီးမှ ဖြည့်စွက်  ဆွေးနွေးခဲ့ပြီး၊   မကွေးတိုင်းဒေသကြီး    စည်ပင်သာယာရေးအဖွဲ့   ညွှန်ကြားရေးမှူးမှ တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment