Tuesday, March 17, 2015

မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြ


ချောက် မတ်  ၁၇  ရက် 

စွမ်းအင်ဝန်ကြီးဌာန ၊မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ၊သိုလှောင်ဖြန့်ဖြူးရေး ဌာနကြီး(၈)အဆင့် ချောက်မြို့တွင် ယနေ့နံနက် (၉)နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြပွဲကို ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲထွေးအောင် နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြုနည်း ၊မီးငြိမ်းသတ်ရေးလုပ်ငန်းများကို လက်တွေ့သရုပ်ပြ ရှင်းလင်းပြသမှူများပြုလုပ်ပေးရာ ပင်မမန်နေဂျာ ဦးထွန်းရီ နှင့် ၀န်ထမ်းများကိုယ်တိုင် မီးသတ်ဆေးဘူး ၊ မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်မှုများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်းသိရှိရသည်။ 

ဝင်းဌေး (ချောက်)

0 comments:

Post a Comment