Friday, March 27, 2015

နှစ်(၇၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပွင့်ဖြူ၌ ကွန်ကရစ်တံတား ဖွင့်ပွဲကျင်းပ



ပွင့်ဖြူ     မတ်     ၂၆
          မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာ လယ်ယာကုန်ထုတ်လမ်းပေါ်ရှိ ရေမြောင်းအားဖြတ်ကျော်သည့် ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကို အဆိုပါတံတားအနီးတွင် မတ် ၂၄ရက်နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

          ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေကအဖွင့်အမျာစကား ပြောကြားခဲ့ပြီး မြို့နယ်အင်ဂျင်နီယာမှတံတားတည်ဆောက်မှုအခြေအနေအားရှင်းလင်းတင်ပြ၍ ဇီးတောကျေးရွာပြည်သူလူထုကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊စည်ပင်အမှုဆောင်အရာရှိနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။အဆိုပါတံတားအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့(ပဆင စိတ်ဝင်စားကြေး) ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂၀ နှင့် ပြည်သူလူထုထည့်ဝင်ငွေကျပ် ၂၅ သိန်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment