Sunday, March 29, 2015

တိုင်းရင်းဆေးပညာရပ်ဖြင့်အခမဲ့ကုသပေး




စလေ                        မတ်လ ၂၇ရက်

      ကျန်းမာရေးဝန်ကြီးဌာန၏ရည်မှန်းချက်(၂)ရပ်နည်းနာ( ၃ )ရပ်တို့အားအကောင်အထည်
ဖော် သောအားဖြင့် မကွေးတိုင်းဒေသကြီး
မကွေးခရိုင် ချောက်မြို့နယ် စလေမြို့အောင် စကြာဆေးတိုက်ဆရာကြီးဦးလှရွှေ တ/စ ၀၃၉၄၅ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း ချောက်မြို့ နယ်အသင်းခွဲ ဥက္ကဌသည် ဒုတိယအ
ိကြိမ်ြဖင့် မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား ဘုရားဖူးလာ
ပြည်သူများ နှင့်ကျောင်းတော်ရွာ ဝန်းကျင်ကျေးရွာ
ပေါင်း( ၄၁ ) ရွာမှရောဂါမျိုးစုံ လူနာပေါင်း (၅၀၀)ခန့် တို့အားမြန်မာ့တိုင်းရင်း ဆေးပညာ ရပ်ဖြင့်ချွေးပေါင်း ကြပ်ထုပ်ထိုး အကြောပြင် ပညာရပ်များပါအခမဲ့
ကုသပေးနိုင်ခဲ့ပြီး စန္ဒကူးနံ့သာ ကျောင်းတော်ရာ
တပေါင်းပွဲတော် တပေါင်းလပြည့်ကျော် (၁၃)ရက် နေ့တွင်ဘုရားအမှူးရှိသော သံဃာတော်( ၁၃၅ )ပါးတို့အား ဆွမ်းဆန် တစ်ပြည်ကျစီ အောင်စကြာ
ဆေးတိုက်မိသားစုနှင့်စေတနာရှင်များ စုပေါင်း လှူဒါန်းနိုင်ခဲ့ပါသည်။

ဆေးအလှူရှင်များဖြင့်ဆရာတော်ဦးဣဿရိယနယ်လှည့်ဓမ္မကထိကအင်းဒေါင်းကျေးရွာနှင့်အောင်စကြာမိသားစုတို့မှပါဝင်လှူဒါန်းကြကြောင်းသိရှိရပါသည်။
              မြင့်သီတာ

0 comments:

Post a Comment