Tuesday, March 17, 2015

စလင်းမျြို့တွင် တိုင်းရင်းဆေးကုဌာန အဆောင်အအုံသစ်ဖွင့်

စလင်း                မတ်                  ၁၅
        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် တိုင်းရင်းဆေးကုဌာန အဆောင်အအုံသစ် ဖွင့် ပွဲ ကို ယနေ့နံနက် (၈း၃၀) နာရီတွင် မြေမိကုန်းကျေးရွာရှိ အဆောင်အအုံ သစ်ရှေ့တွင် ကျင်းပရာ မကွေတိုင်းဒေသကြီး ၊အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသစ်လွင်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းတို့က ဖဲ ကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
              အခမ်းအနားတွင် လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီး တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူး ဦးသန်းညွှန့်က အလှူငွေပေးအပ်ရာ မြေမိကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးက လက်ခံရယူပြီး အခမ်းအနားကို ရုမ်းသိမ်းခဲ့သည်။

0 comments:

Post a Comment