Friday, March 13, 2015

မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး



ငဖဲ    မတ်   ၁၁
              မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း နယ်ဇောကျေးရွာနှင့် အိုးမြေတွင်းကျေးရွာတို့ တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ သိန်း(၃၀၀)စီဖြင့် ကျေးရွာသူ/သားများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေး၊အရောင်းအ၀ယ် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ထားမှု အခြေအနေနှင့် စာရင်းဇယားများထိန်းသိမ်းထားရှိမှုအခြေအနေတို့ အား မင်းဘူးခရိုင်ဦးစီးဌာနမှူးနှင့် အဖွဲ့မှ ကျေးရွာများသို့ကွင်းဆင်းစစ်ဆေးပြီး စာရင်းဇယားများအား စနစ်တကျ ထားရှိရေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည် ။
သန်းနိုင်ဦး(ငဖဲ)


0 comments:

Post a Comment