Sunday, March 29, 2015

မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ဒုတိယ၀န်ကြီးဦးခင်မောင်အေး ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



ပွင့်ဖြူ     မတ်      ၂၇

          မွေးမြူရေးရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးခင်မောင်အေး သည် မကွေးတိုင်းဒေကြီးငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများလိုက်ပါပြီးမတ် ၂၅ ရက်နေ့တွင်မကွေးတိုင်းဒေသကြီး မင်းဘူခရိုင် ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင်  ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ထားရှိသည့်အသေးစားငါးသားဖောက်
စခန်းအားကြည့်ရှုစစ် ဆေးခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးအတွက် တည်ဆောက်ပေးထားသောငါးသားဖောက်စခန်းမှ ငါးသားဖောက်ပြီး ဒေသတွင်စားနပ် ရိက္ခာဖူလုံရေးအတွက် ဆည်တမံများ၊မြစ်ချောင်းအင်းအိုင်များနှင့်ကျေးရွာဖွံ့ဖြိုးရေးကန် များတွင် ငါးသားပေါက်များ မျိုးစိုက်ထည့်ပေးသွားရန်၊အနီးပတ်ဝန်းကျင်ရှိ ငါးမွေးမြူသူများအား ငါးသားပေါက်များ ဖြန့်ဖြူးပေးသွားရန်နှင့်ငါးသားပေါက်ရာသီချိန်အမှီသားဖောက်နိုင်ရန် မျိုးငါးများကို စနစ် တကျမွေးမြူထားရှိသွားရန် မှာကြားခဲ့သည်။

          ဆက်လက်၍ ဒုတိယ၀န်ကြီးသည် ကျွဲတိကျေးရွာသို့ရောက်ရှိပြီး ကျေးရွာ၏လူမှုစီးပွား အခြေအနေများနှင့်လူနေမှုစနစ်များကိုကြည့်ရှုလေ့လာပြီး ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ
 ကျေးရွာရှိအိမ်ထောင်စု၏၃၀%ခန့်သာ အိမ်သာတည်ဆောက်သုံးစွဲမှုရှိကြောင်း ကျေးရွာသူ/သားများ၏ တင်ပြချက်အပေါ် ညှိနှိုင်းဆောင်ရွက်ပေးသွာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ဒုတိယ၀န်ကြီးသည် ရွှေဘိုကျေးရွာအနီးရှိ ငါးလုပ်ငန်းဦးစီးဌာန၊ပွင့်ဖြူငါးလုပ်ငန်းစခန်း သို့ရောက်ရှိပြီး ငါးသားပေါက်ထုတ်လုပ်ခြင်းကိုလျာထားချက်ပြည့်မီကျော်လွန်အောင်ထုတ်လုပ်ရန်၊ဒေသမျိုး ရင်းငါးမျိုးများကို သားဖောက်ထုတ်လုပ်၍ မျိုးထိမ်းသိမ်းရန်နှင့်ဒေသဖွံ့ဖြိုးရေး စာနပ်ရိက္ခာဖူလုံရေးအတွက် ငါးလုပ်ငန်းကဏ္ဍဆိုင်ရာစီမံချက် ရေးဆွဲဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment