Monday, March 9, 2015

မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာ သာယဉ်ကျေး လိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ကမြို့သစ်မြို့နယ်သန်းကုန်းကျေးရွာတွင်သွားရောက်ဖွင့်


မြို့သစ် မတ်   ၈
             မကွေးခရိုင် မြို့သစ်မြို့နယ်
သန်းကုန်းကျေးရွာရှိချိုင်းကျောင်းဓမ္မာရုံတွင်
မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေး
လိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့က မတ်လ ၈ရက်
နေ့ နံနက်၇း၀၀နာရီအချိန်ကအဆိုပါဘုန်
တောကြီးကျောင်းတွင်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာမြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာ
ယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့အတွင်း
ရေးမှုး၃ဦးလှမျိုးကနုတ်ဆက်အဖွင့်အမှာ
စကားပြောကြားခဲ့ပြီးနေပြည်တော်
ယဉ်ကျေးလိမ္မာစင်တာဒုဥက္ကဌဦးအေါင်မြင့်
ကယဉ်ကျေးလိမ္မာပြန့်ပွားရေးနှင့်ပတ်သက်၍ကလေးသူငယ်များနားလည်သဘော
ပေါက်စိတ်ဝင်းစားအောင်အသေးစိပ်ပြော
ကြားခဲ့ပြီးမြို့နယ်ယဉ်ကျေးလိမ္မာပြန့်ပွားရေး
ကော်မတီဥက္ကဌဦးတင်ရွှေက သင်တန်းဖွင့်
လှစ်ရခြင်းနှင့်စပ်လျဉ်း၍ဆွေးနွေးပို့ချ မှာကြားခဲ့သည်။

          အဆိုပါသင်တန်းသို့ သန်းကုန်း
ကျေးရွာ ရှိမိဘပြည်သူတောင်သူဦးကြီးများ
များနှင့်ဆရာ/ဆရာမ များကဓမ္မကျောင်း
တော်ဖြစ်မြောက်ရေးကော်မတီအဖွဲ့နှင့်ပူး
ပေါင်းဆောင်ရွက်ကာမိမိတို့မွေးဖွားပေးခဲ့
သောသားငယ်သမီးများ၏ရင်ထဲတွင် ( ဓမ္မ  )
တွေကိန်းဝပ်သွားစေရန်နှင့်တိုင်းပြည်ရဲ့အနာဂါတ်ကိုပိုင်ဆိုင်ထားကြတဲ့လူငယ်မောင်မယ်
တွေယဉ်ကျေးလိမ္မာပြီးစာရိတ္တမဏ္ဍိုင်မြင့်မား
ကာအမျိုးဘာသာ သာသနာကိုချစ်မြတ်နိုး
တဲ့လူတော်လူကောင်းတွေပေါ်ထွန်းလာစေရန်အတွက်မိဘများ၏တိုက်တွန်းမှုသည်
သာအဓိကဖြစ်သည်။

           အဆိုပါသင်တန်းကို မြို့နယ်အုပ်ချုပ်
ရေးမှုးနှင့်မြို့နယ်ယဉ်ကျေးလိမ္မာပြန့်ပွား
ရေးကော်မတီအဖွဲ့များကလိုအပ်သည့်ကူညီ
မှုများဖြင့်ပံ့ပိုးပေးခဲ့ကြောင်းသတင်းရရှိ
သည်။
  ဇော်ဇော်မြို့သစ်

0 comments:

Post a Comment