Friday, March 27, 2015

နှစ်(၇၀)ပြည့် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါက်-ပေါက်ချောင်းလမ်း မြေနီလမ်းသစ် ဖွင့်ပွဲကျင်းပ



ပေါက်    မတ်    ၂၆
          နှစ်(၇၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၄-၂၀၁၅ခု၊ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်ပြီးစီးခဲ့ သော ကျေးလက်လမ်း တည်ဆောက်ရေး အနေဖြင့်မြေနီလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်။

          ဖွင့်ပွဲအခမ်းအနားတွင် ယခင်မြေသားလမ်းဖြစ်ပြီး ယခုအခါ မြေနီကျောက်စရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ပေးသည့် အကျယ် (၁၂)ပေ၊အရှည်(၂)မိုင်နှင့် ထု(၆)လက်မရှိပြီး လမ်းကုန်ကျစရိတ်ငွေစုစုပေါင်းသိန်း(၂၀၀)ခန့်ဖြစ်ပြီး ၄င်းလမ်းကိုအသုံးပြုနေသော ပေါက်ချောင်းအထက်၊ပေါက်ချောင်းအောက်၊မြေနီ(မ)၊မြေနီ(တ) ကျေးရွာတို့ရှိ
 ဒေသခံပြည်သူများအနေဖြင့်  ရောင်းရေး/၀ယ်ရေး၊ကျန်းမာရေးအတွက် ရာသီမရွှေး သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment