Friday, March 13, 2015

ယာဉ်မဆင်မခြင် မောင်းနှင်သဖြင့် တိမ်းမှောက်၍ သံဃာတော်တစ်ပါး ပျံလွန်တော်မူ




ဂန့်ဂေါ      မတ်           
          မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့အထွက် ဂန့်ဂေါ-မုံရွာသွားကားလမ်းပေါ် မိုင်တိုင် အမှတ် ၁၀၉/၃နှင့် ၁၀၉/၄ အကြားတွင် မတ် ၇ ရက်ညနေ ၆း၁၅နာရီက ယာဉ်တစ်စီးတိမ်းမှောက်ကြောင်း သတင်းအရ ဂန့်ဂေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဂန့်ဂေါမြို့မှ ထီးလင်းမြို့သို့ ထီးလင်းမြို့နယ်  ထလင်းကျေးရွာနေ သက်ထွန်းနိုင်(၃၂)နှစ် မောင်းနှင်သော ယာဉ်အမှတ် 5C/-------SURF အမျိုးအစားခဲရောင်ယာဉ်သည် ဂန့်ဂေါမြို့အထွက် ဂန့်ဂေါ- မုံရွာသွား ကားလမ်းမပေါ် မိုင်တိုင်အမှတ် ၁၀၉/၃နှင့် ၁၀၉/၄ အကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ကားလမ်း၏ ယာဘက်သို့ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါသူ ထလင်းကျေးရွာ အရှေ့ကျောင်းယာယီကျောင်း ထိုင် ဆရာတော်ဦးတေဇ၀န္တတွင် ဦးခေါင်းဝဲဘက်ဂျိုစောင်း အရှည် ၄ လက်မခန့်ပေါက်ပြဲ ပွင့်ထွက်ဒဏ်ရာ  (ပျံလွန်တော်မူ)၄င်းကျောင်းတွင် သီတင်းသုံးနေထိုင်သူ ဦးစန္ဒာဝရ တွင် ယာနဖူး/ယာပါး/ယာပခုံးပွန်းပေါက် ပြဲဒဏ်ရာ၊၊ထလင်းကျေးရွာနေ ဦးတင်မြ(၆၅)နှစ်၊မောင်မျိုးကို(၁၂)နှစ်နှင့်ယာဉ်မောင်း သက်ထွန်းနိုင်တို့တွင် နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြကြောင်း သိရှိရသည်။

          ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ သက်ထွန်းနိုင်(၃၂)နှစ်အား ဂန့်ဂေါမြို့နယ် မြို့မရဲစခန်းယာဉ်(ပ)၄/၂၀၁၅၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူဆောင် ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment