Friday, March 13, 2015

စခန်းကန်ကျေးရွာ ပြည်သူများသို့ ရေဖြည့်တင်းဝေငှ




ရေနံချောင်း        မတ်     ၁၁
          မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ် စခန်းကန်ကျေးရွာတွင် မတ် ၉ ရက်နေ့ ၈း၃၀နာရီတွင် မီးလောင်မှုဖြစ်ပွားချိန်တွင် အကမလွန်(၅၄)ရှိ ရေဂါလန်(၁၀၀၀၀)ဆံ့ မိုးရေးသိုလှောင်ကန်မှ ရေဂါလန်(၅၀၀၀)နီးပါးခန့်ရှိသည့်အနက် ရေဂါလန်(၁၆၀၀)ကို မီးထိန်းသိမ်းနိုင်ရေးအတွက် CNJ မီးသတ်ရေသယ်ယာဉ်(၁)စီး ကအရေးပေါ်စုပ်ယူ သုံးစွဲခဲ့ရသည်။

          မကွေးမြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုမီးသတ်ဦးစီးမှူး ဦးစိုးညွန့်ဦးဆောင်သောအဖွဲ့မှ မတ် ၁၀ရက်နေ့ နံနက်တွင် ရေဂါလန်(၁၆၀၀)ဆံ့ CNJ မီးသတ်ရေသယ်ယာဉ်(၁)စီးနှင့် ရေနံချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ ရေဂါလန်(၁၆၀၀)ဆံ့ CNJ မီးသတ်ရေးသယ်ယာဉ် (၂)စီး စုစုပေါင်း (၃)စီးသွားရောက်၍ အဆိုပါ မိုးရေးသိုလှောင်ကန်အား ရေဂါလန်(၇၀၀၀)ခန့် ထည့်၍ ရေအပြည့်ပြန်လည်ဖြည့်တင်းပေးခဲ့ပြီး ရေအခက်အခဲ ဖြစ်ပေါ်နေသော ကျေးရွာရှိမိဘပြည်သူများအား ရေဂါလန်(၂၄၀၀)ခန့်ကို ဝေငှပေးခဲ့သည်။  ရေဖြည့်တင်း ဝေငှပေးခြင်းကြောင့် ကျေးရွာပြည်သူများ ၀မ်းသာပီတိ ဖြစ်လျက်ရှိကြောင်းသိရသည်။

          ရေဖြည့်တင်းခြင်းနှင့် ရေးဝေငှရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်ကိုကိုလင်း၊ ရဲအုပ်ကြည်စိုး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမောင်ခိုင်တို့မှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment