Tuesday, March 17, 2015

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်နှင့်တိုင်း၊ခရိုင်၊မြို့နယ် ဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



မကွေး    မတ်     ၁၇
          မကွေးတိုင်းဒေသကြီး ဥပဒေချုပ်နှင့်တိုင်း၊ခရိုင်၊မြို့နယ် ဥပဒေအရာရှိများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အခမ်းအနားကို မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဇေယျ၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်နှင့်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးလူလူသန်းတို့တက်ရောက်၍ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရေး အမှာစကားများ ပြောကြားခဲ့ကြပြီး တိုင်းဒေသကြီး ဥပဒေ အရာရှိ ဦးကျော်ကျော်အောင်က ခရိုင် ၊ မြို့နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းဆောင်ရွက်မှုတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း မှာကြားခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)


0 comments:

Post a Comment