Monday, March 2, 2015

နွေ ပိတောက် မျက်ရည်



 နွေ    ပိတောက် မျက်ရည်
==================

သူငယ်ချင်း
ကဗျာပွဲခင်းမှာ
ရင်တွင်းကလာတဲ့အတိုင်း
ပိတောက်ကဗျာစာရင်းသွင်းလိုက်တယ်
ဟိုမှာကြည့်စမ်း
ပင်ယံထက်မှာဝေ
သိင်္ဂီရောင်လွှမ်း
ပန်းပိတောက်တွေ
ခုတ်
ထစ်
ချိုး
ခံ ရသူတို့ဘဝ
ပွင့်
လွှာ
ဖတ်
ကြွေ  ကျ
မြေခ
အနင်းခံရ
သူတို့ဘဝ
တန်ဖိုးမရ။
သြော်
နွေပိတောက်တွေနဲ့အတူ
ငါလည်းမျက်ရည်ကျခဲ့တယ်
သူငယ်ချင်း
မင်းခံစားဖို့သက်သက်ပါ
ဘာရေးနည်းမှမမှီး
ကဗျာခရီးသည်တစ်ဦးရဲ့အသံသာ။     ။
 လွမ်းရ(မကွေး)


0 comments:

Post a Comment