Friday, March 27, 2015

မီးဘေးသင့်ပြည်သူများအား အ၀တ်အထည်များ နှင့် ရေသန့်ဘူး နှင့်စားစရာမုန့်မျိုးစုံများထောက်ပံ့လှူဒါန်း




ချောက်                မတ်  ၂၆  ရက်
          ချောက်မြို့နယ် ၊ထိန်ကန်ကျေးရွာ မီးဘေးသင့်ပြည်သူများအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနေရှင်း ၊လွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦး တို့သည် ယမန်နေ့ညနေ ၃ နာရီိ ၃၀ ခန့်က ရောက်ရှိပြီး မီးလောင်မြေသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှု၍ မီးဘေးသင့်အိမ်ထောင်စုဝင်များအား နှစ်သိမ့်အားပေး စကားပြောကြား၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့သော ကျားဝတ် ၊မ၀တ် ၊ ကလေးဝတ် အ၀တ်အထည်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။


မီးဘေးသင့်ပြည်သူများအား ရေသန့်ဘူး နှင့်စားစရာမုန့်မျိုးစုံများထောက်ပံ့လှူဒါန်း
ချောက်                မတ်  ၂၆  ရက်
          ချောက်မြို့နယ် ၊ထိန်ကန်ကျေးရွာ မီးဘေးသင့်ပြည်သူများအား ယမန်နေ့က မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန် နှင့် ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြူအင် ပါမြို့နယ်ရဲတပ်ဖွဲ့မှအရာရှိ /အခြားအဆင့် တပ်ဖွဲ့ဝင် (၅၀)ဦးတို့သည် မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးလောင်ပြင်နေရာတွင် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်း နှင့် ထိန်ကန်ကျေးရွာ ဇိနမာန်အောင် ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် မီးဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးပစ္စည်းများနှင့် ငွေများလက်ခံကွပ်ကဲရေးကြီးကြပ်မှုကော်မတီရုံးတွင် မီးဘေးသင့်ပြည်သူများအတွက် မကွေးခရိုင်ရဲတပ်ဖွဲ့အတွင်းရှိ မြို့နယ်များမှ စုပေါင်းလှူဒါန်းသည့် ရေသန့်ဘူးနှင့် စားစရာမုန့်မျိုးစုံ စုစုပေါင်း တန်ဖိုး (၁)သိန်းကျပ်ခန့်အား ပေးအပ်လှူဒါန်း ခဲ့ကြောင်းသိရှိရသည်။

                                                မချို (ချောက်)

0 comments:

Post a Comment