Monday, March 2, 2015

အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များလိုက်လံသိမ်းဆည်း





နတ်မောက်      ဖေဖေါ်ဝါရီ       ၂၇

          မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပေါ်(၇)ရပ်ကွက်ရှိ အမှိုက်များကို လိုက်လံသိမ်းဆည်းခြင်းလုပ်ငန်းများ နေ့စဉ် ဆောင်ရွက်နေကြောင်းသိရသည်။အဆိုပါ အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များရှိ အမှိုက်များကို နံနက် ၂ ကြိမ်၊ ညနေ ၁ ကြိမ် နေ့စဉ် မြို့နယ်စည်ပင်သာယာအလုပ်သမားဝန်ထမ်းများကသိမ်းဆည်းခဲ့သည်။ နတ်မောက်မြို့ မြို့မဈေးကြီးအရှေ့ဘက်ရှိ လူနေအိမ်များမှ စွန့်ပစ်အမှိုက်ပုံကိုလည်း ဖေဖေါ်ဝါရီ ၂၇ ရက် နံနက်ပိုင်းက မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်းခဲ့ကြောင်းသိရသည်။
လှဝင်း

0 comments:

Post a Comment