Kamayut Media မှ ကူးယူဖော်ပြပါသည်။
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး အတွက် တောင်းဆိုထားတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးေ ရးတွေ စလုပ်တဲ့ ဖေဖော်ဝါရီ ၁ရက်နေ့မှာတော့ အစိုးရနဲ့သပိတ်မှောက်ကျောင်းသား တွေကြား
ကျောင်းသားသမဂ္ဂကို အသိအမှတ်ပြုရေး အချက်ကိုအခြေခံပြီး သဘောတူညီမှုတွေ
မရခဲ့သလို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက သပိတ်ကိုလှန်ပေးဖို့
တောင်းဆိုခဲ့ပါတယ်။ ကျောင်းသားတွေ သပိတ်လှန်ကြမှာလား။
လေးပွင့်ဆိုင်
ဆွေးနွေးရေးမှာ တင်ပြထားတဲ့ အချက် ၁၁ချက်ကို သဘောတူဆွေးနွေးဖို့
ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်အဖွဲ့ရဲ့ ကြိုတင်သတ်မှတ်ချက် ၉ချက်မှာ
၁ကနေ ၄အထိ အစိုးရဘက်က လက်ခံဖို့ အဆင်ပြေခဲ့ပေမယ့် အချက် ၅ဖြစ်တဲ့
ကျောင်းသားနဲ့ဆရာသမဂ္ဂတွေကို တရားဝင်အသိအမှတ်ပြုဖို့ကိစ္စမှာေ တာ့
လွှတ်တော်မှာပဲ တာဝန်ရှိတယ်လို့ ဦးအောင်မင်းက အစမှာ လွှဲချခဲ့ပါတယ်။
လက်ရှိဖွဲ့စည်းထားတဲ့ ကျောင်းသားနဲ့ ဆရာသမဂ္ဂတွေကို အသိအမှတ်ပြုသည် သို့သော်
သမဂ္ဂ ဖွဲ့စည်းခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ
ဆက်လက်ဆောင်ရွက်ခွင့်ရှိတယ်လို့ ဦးအောင်မင်းက ပြောပါတယ်။
နှစ်ဖက်ထုတ်ပြန်ချက်ထဲက အချက် ၉ချက်ကို နေပြည်တော်မှာ ဆက်ဆွေးနွေးသွားဖို့ရှိပြီး ကျောင်းသားသမဂ္ဂ အသိအမှတ်ပြုရေးကိစ္စနဲ့ ဆွေးနွေးပွဲက ရှေ့ဆက်မသွားတော့ဘဲ အစိုးရနဲ့ ကျောင်းသားကိုယ်စားလှယ်တွေကြား မှာ
အပြန်အလှန် အပြစ်တင် ဝေဖန်မှုတွေ အစပြုလာပါတယ်။ အကြမ်းဖက်မှုဖြစ်ခဲ့ရင်
အကြမ်းဖက်တဲ့သူမှာသာ တာဝန်ရှိတယ်လို့ ကျောင်းသားတွေက
ဝန်ကြီးဦးအောင်မင်းကို တုံ့ပြန်ခဲ့ပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲ
၃ဝရာခိုင်နှုန်းပဲ အောင်မြင်တယ်လို့ ကိုမင်းသွေးသစ် ဆိုပါတယ်။
စည်းကမ်းနဲ့အညီ
ပြန်လည်ဖွဲ့စည်းမယ့် ကျောင်းသားသမဂ္ဂတွေကိုတော့ အသိအမှတ်ပြုမယ်လို့
ဆိုလာတာကြောင့် လုံးဝလက်မခံဘူးလို့ ပြောပါတယ်။ နံပါတ် ၇အချက်ဖြစ်တဲ့
ကျောင်းသားသပိတ်မှာ တာဝန်ရှိတဲ့သူတွေကို အရေးမယူဖို့ အစိုးရက
သဘောတူညီခဲ့ဖို့ ဆွေးနွေးရာမှာ အစိုးရက သပိတ်ကိုလှန်ခိုင်းမှုနဲ့
ဥပဒေပြင်ဆင်မှု မူကြမ်းကို ပညာရေးဝန်ကြီးဌာနက ရေးဆွဲမယ်ဆိုလို့
သဘောမတူညီမှုတွေ ဆက်ပြီးဖြစ်ခဲ့ပါတယ်။
သပိတ်မလှန်ဘူးလို့
ကျောင်းသားတွေက တုံ့ပြန်အပြီးမှာတော့ ကျောင်းသားသပိတ်ကို ပုပ္ပါးအထိသာ
လုံခြုံရေးတာဝန်ယူမှာဖြစ်ပြီး ကျန်တဲ့အပိုင်းက သမ္မတကို
တင်ပြသွားဖို့ပဲရှိတယ်လို့ ဦးအောင်မင်းက ဆွေးနွေးပွဲအပြီးမှာ
သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောဆိုခဲ့ပါတယ်။ နေပြည်တော်မှာ ဖေဖော်ဝါရီ
၃ရက်နေ့ကျရင် လေးပွင့်ဆိုင် တွေ့ဆုံမှုတွေကို ဆက်လက် ကျင်းပသွားမယ်လို့
ဦးအောင်မင်းက ဆိုပါတယ်။
ရေနံချောင်းမှာ
ရောက်ရှိနေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ မကွေးမြို့ကို
ဆက်လက်ချီတက်မှာဖြစ်ပြီး နေပြည်တော်မှာ လေးပွင့်ဆိုင်ဆွေးနွေးပွဲကျင်း ပတဲ့ ဖေဖော်ဝါရီ ၃ရက်အထိ သပိတ်တွေကို ယာယီရပ်နားထားမယ်လို့ ဆိုပါတယ်။
0 comments:
Post a Comment