Tuesday, February 3, 2015

Green House နည်းစနစ်ဖြင့် အော်ဂဲနစ်စိုက်ခင်းများ မကွေးမြို့တွင်ဖြစ်ထွန်းအောင်မြင်သဖြင့် တောင်သူများကိုဖြန့်ဝေပေး



မကွေး  ဖေဖဝါရီ  
   မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ဆီထွက်သီးနှံ့ဗဟိုစိုက်ပျိုးရေးသုသေသနခြံတွင် စားသုံးသူများ
အန္တရာယ်ကင်းရှင်းစေရန်အတွက် Green House နည်းပညာဖြင့်စိုက်ပျိုးထားသည့် အော်ဂဲနစ်
ဟင်းသီးဟင်းရွက်များဖြစ်ထွန်းအောင်မြင်ပြီး ဈေးကွက်အတွင်းဝင်ရောက်ဖြန့်ဖြူးပေးနိုင်မည်အပြင်
၎င်းနည်းပညာများကိုလည်းတောင်သူများအားပြန်လည်ဖြန့်ဝေနေကြောင်းသိရှိရသည်။
  အဆိုပါအော်ဂဲနစ်နည်းပညာစိုက်ခင်းတွင်နေ့စဉ်စားသုံးနေသည့်ထိုင်ဝမ်မုန်ညှင်း၊မုန်ညှင်းစိမ်း၊မုန်ညှင်းဖြူ
ဟင်းနုနွယ်၊ကိုက်လန်၊ချဉ်ပေါင်၊ပဲသီး၊ဆလတ်မုန်ညင်း၊တို့အပြင်ပူစီနံ၊ငရုပ်စသည့်တို့ကိုGreen House
နည်းစနစ်ဖြင့်စိုက်ပျိုးကာဓာတုပိုးသတ်ဆေး ၇၀ ရာခိုင်နှုန်းကင်းလွတ်သည်အထိစိုက်ပျိုးထားကြောင်းသိရှိရ
သည်။   
   Green House နည်းပညာဖြင့်အပင်များကိုအပြင်မှာရိုးရိုးမစိုက်ခြင်းက ပိုးမွှားနှင့်ရောင်ခြည်ကင်းလွတ်
အောင်ဆန်ခါပိုက်အစိမ်းများဖြင့်အိမ်ဖွဲ့စိုက်ပျိုးခြင်းနည်းစနစ်ဖြစ်ကြောင်း၊သဘာဝတမာဆေးဖြင့်
ဟင်းသီးဟင်း

ရွက်များအားပိုးသတ်ပေး၍စိုက်ခင်းများကိုအော်ဂဲနစ်အရည်အသွေးပြည့်မီသည်အထိစိုက်ပျိုးထားကြောင်း၊ဓာတုဗေဒနည်းသည့်အတွက် အဓိကစားသုံးသူများကိုအန္တရာယ်ကင်းကင်စိတ်ချယုံကြည်စွာစားသုံးနိုင်မည့်ဟင်းသီး
ဟင်းရွက်များအဖြစ်ဈေးကွက်ဝင်ရောက်းချသွားနိုင်မည်ဖြစ်ကြောင်း၊လုံးဝအရည်အသွေးမပြည့်မီသည့်ပစ္စည်းများကိုတင်သွင်းအသုံးပြုမည်မဟုတ်ကြောင်းနှင့်ဟင်းသီးဟင်းရွက်များအပြင်Green Houseနည်းပညာများဖြင့်
အသီးအနှံ့များကိုလည်းစိုက်ပျိုးရေးပညာရှင်များတဆင့်တောင်သူများအားဈေးကွက်ဝင်ရောင်းချစိုက်ပျိုးနိုင်အထိ
ဖြန့်ဝေခြင်း၊သင်တန်းပေးခြင်းဖြင့်စိုက်ပျိုးရေးနည်းပညာများတိုးတက်မြင့်မားအောင်ဆက်လက်ဆောင်ရွက်မည်
ဖြစ်ကြောင်းဆီထွက်သီးနှံ့ဗဟိုစိုက်ပျိုးရေးသုတေသနခြံမှသိရှိရသည်။
ဇွဲထက်ရှင်
  မှတ်ချက်။ ။ စာရေးသူတင်သောပို့စ် အတိုင်းတင်ပေးထားပါသည်။ စာလုံးမှားနေရင် ပြင်ဖတ်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

0 comments:

Post a Comment