Monday, February 9, 2015

ဘန်ကောက်မြို့က ကြိုဆိုပါသည်ခင်ဗျာ By ။ ။ ရဲမိုး

ဘန်ကောက်မြို့က ကြိုဆိုပါသည်ခင်ဗျာ
By ။ ။ ရဲမိုး
ပြီးခဲ့သည့်နှစ်က ယခု သတင်းစာမှာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့သည်။‘‘နောက်ဘူတာ ဘန် ကောက်’’ဆိုသည့်ဆောင်းပါးဖြစ် ပါသည်။ ကျွန်တော်တို့အားလုံး ရထားတစ်စီးနဲ့ ခရီးသွားနေကြ သည်ဆိုပါစို့။ နောက်ဆိုက် ရောက်မည့် ဘူတာသည် မည် သည့်ဘူတာဟု သင်ထင်မြင်ပါသ လဲဟုဆောင်းပါးထဲတွင်မေးခွန်း ထုတ်ခဲ့သည်။ ရထားကို ယခုအ တိုင်းဆက်ခုတ်မောင်းသွားလျှင် နောက်ဘူတာသည် ဘန်ကောက် ဖြစ်လိမ့်မည်ဟုရေးခဲ့သည်။ ထို အချိန်က ဘန်ကောက်မှာ ရှုပ်ထွေး နေခဲ့သည့် အနီ၊ အ၀ါနိုင်ငံရေးနှင့် ကျားချောင်းချောင်းနေသည့် ထိုင်း တပ်မတော်၏ အခြေအနေကို သင်ခန်းစာယူပြီး မြန်မာနိုင်ငံအ နေဖြင့် ထိုအဖြစ်ကိုအရောက်မခံ ဖို့ သတိပေးခဲ့ပါသည်။
ယခုတော့ ကျွန်တော်တို့ စီး လာသည့်ရထားဘန်ကောက်မြို့ ကို ၀င်ပါပြီ။
လမ်းပေါ်မှာ ရှေ့တိုးမရ၊ နောက်ဆုတ်မရ ထိပ်တိုက်ရင် ဆိုင်တွေ့မှုများ၊ အငြင်းပွားဖွယ် ရာ ရွေးကောက်ပွဲများနှင့်သွေး ထွက်သံယိုတိုက်ခိုက်မှုများက ရှေ့မှာ စောင့်ကြိုနေပါသည်။ ဘန်ကောက်မြို့ကိုမရောက်မီ ရထားကို ကျွန်တော်တို့ဘာ ကြောင့် အချိန်မီမရပ်နိုင်ခဲ့ကြပါ သလဲ။
နိုင်ငံရေးပြဿနာကို တ ကယ်ပြေလည်အောင်ဖြေရှင်းလို သည့် စိတ်ဆန္ဒနည်းပါးခြင်းနှင့် အကျိုးစီးပွား ကာကွယ်မှုများ ကြောင့်ဖြစ်သည်။ ဖြတ်သန်းခဲ့ သည့် သမိုင်း၏အမှားများကိုသင် ခန်းစာမယူနိုင်ခဲ့ခြင်းကြောင့်ဖြစ် သည်။
ယခု ကြုံတွေ့နေရသည့် ကျောင်းသားများဆန္ဒပြမှုနှင့်အ ခြေခံဥပဒေပြင်ဆင်ရေးအကျပ် အတည်းများသည် သမိုင်း၏ သင် ခန်းစာများကို အစိုးရအဆက် ဆက်က သင်ခန်းစာမယူသေး ကြောင်း ပြသနေသည်။ ကျောင်း သားများအရေးကို စဆွေးနွေးကြ ပါစို့။
ဗိုလ်ချုပ်ကြီးဟောင်းများဦး ဆောင်သည့် လက်ရှိအစိုးရက ကျောင်းသားများနှင့် ဆွေးနွေးပွဲ ကို အောင်မြင်အောင်ဆက်လက် မလုပ်ဆောင်နိုင်သည်မှာ အသစ် မဟုတ်တော့ပါ။ စစ်ဗိုလ်ချုပ်ကြီး များမှာ ‘‘ကျောင်းသားအလာဂျီ’’ ရှိခဲ့တာ နှစ်ငါးဆယ်ကျော်ခဲ့ပါပြီ။ သမိုင်းမှာ စစ်ဗိုလ်ချုပ်ကြီးများက ကျောင်းသားများကို မည်သည့်အ ခါက စိတ်ရှည်စွာဖြင့်ညှိနှိုင်းစ ကားပြောခဲ့ပါသနည်း။ အဖြေက ‘‘နိုး’’ဖြစ်ပါသည်။
၁၉၆၂ခုနှစ်မှာ တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြသည့်အ ခါ တက္ကသိုလ်ဝင်းထဲမှာ ကျောင်း သားများကို ပစ်သတ်ရုံမျှမကမြန် မာ့လွတ်လပ်ရေး၏ သင်္ကေတတခုဖြစ်သည့် ကျောင်းသားသမဂ္ဂအဆောက်အအုံကိုပါ ဗုံးဖြင့်ခွဲခဲ့ သည်။ ပညာရေးနှင့်အနာဂတ်မျိုး ဆက်လူငယ်များကို မြှင့်တင်ရာ မှာ ရဲရင့်ပြတ်သားလှသည့်ဗိုလ် ချုပ်ကြီးများဖြစ်ပါသည်။
ဦးသန့် အရေးအခင်းမှာ ကျောင်းသားများက သူတို့လေး
စားသည့် မြန်မာ့ဦးသန့်အတွက် ဂူဗိမာန်တောင်းဆိုသည့်အခါမှာ လည်း တုံ့ပြန်မှုကကျည်ဆန်ဖြစ် သည်။ ဗိုလ်ချုပ်ကြီးများတိုင်းပြည် ကို အုပ်ချုပ်ပြီး ၂၆နှစ်အကြာ မြန် မာနိုင်ငံကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားသည့်အခါ ဗိုလ်ချုပ်ကြီး များနှင့်ကျောင်းသားများနောက် တစ်ကြိမ်ထပ်မံရင်ဆိုင်တွေ့ကြ သည်။ ၈၈၈၈မှာ ကျောင်းသား မည်မျှကျဆုံးသွားခဲ့သလဲဆိုသည် ကို ဘယ်သောအခါမှ သိနိုင်တော့ မည်မဟုတ်ပါ။
၁၉၆၂ခုနှစ်ကစ၍ ယနေ့ထိ ကျောင်းသားများနှင့် ရင်ဆိုင်တွေ့ သည့်အခါတိုင်းမှာ အစိုးရကပြော လေ့ရှိသည့် စကားများကတော့ ‘‘နောက်ကွယ်မှာ သွေးထိုးမှုတွေ ရှိနေတယ်။ ကျောင်းသားတွေကို ဘယ်လောက်ကိုယ်စားပြုလို့လဲ။ စာမေးပွဲတွေကို မထိခိုက်စေချင် ဘူး’’ဆိုသည့်စကားလုံးများသာ ဖြစ်သည်။
ခေတ်အဆက်ဆက် စစ်အ စိုးရ၏ ကျောင်းသားများအပေါ် သဘောထားကို စကားတစ်ခွန်း ဖြင့် အနှစ်ချုပ်ဖော်ပြ၍ရသည်။ ဗိုလ်ချုပ်ကြီးနေ၀င်းက ကျောင်း သားသမဂ္ဂကို စစ်ကြေညာခဲ့သည့် ‘‘ဓားဓားချင်း၊ လှံလှံချင်း’’ဖြစ်ပါ သည်။
ကျောင်းသား သမဂ္ဂသည် နိုင်ငံရေးကင်းပါသလား။ မကင်း ပါ။ မြန်မာ့နိုင်ငံရေးမှာကျောင်း သားသမဂ္ဂပါဝင်ခဲ့သည့်ရာဇ၀င် သည် ဗိုလ်ချုပ်အောင်ဆန်းနှစ်ရာ ပြည့်ထက်ပင်စောပါသည်။ သမ္မ တဦးသိန်းစိန်အစိုးရနှင့် နောက် လာလတ္တံ့သော အစိုးရများကို ပြောချင်သည်မှာ နိုင်ငံရေးကင်း သောကျောင်းသားသမဂ္ဂကိုမည် သည့်အခါမျှ မမျှော်လင့်ပါနှင့်။ နိုင်ငံရေး မကင်းသော ကျောင်း သားသမဂ္ဂကိုနိုင်ငံရေးအရ သ ဘာထားကြီးစွာ၊ ပါးနပ်စွာစကား ပြောဆိုညှိနှိုင်းဖို့သာကြိုးစားသင့် သည်။
တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များနှင့် စကားပြောဆို နိုင်ပြီး တက္ကသိုလ်ကျောင်းသား များနှင့် မဆွေးနွေးနိုင်လျှင်တော့ သမိုင်းထဲက သင်ခန်းစာများကို မယူနိုင်သေးသူများအဖြစ် မှတ် တမ်းဝင်လိမ့်မည်။
ကျောင်းသားများဘက်က လည်း စိတ်လှုပ်ရှားမှုကြောင့် ဖြစ် ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများကို ကြိုတင်သတိထားသင့်သည်။ ပ ညာရေးဥပဒေပြောင်းလဲရေးကို သာ အာရုံစိုက်ထားစေချင်သည်။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲသည် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ ထက် ပိုရှည်လျားမှာဖြစ်သည့်အ တွက် ခွန်အားကိုထိန်းသိမ်းထား ပြီး ဖြစ်နိုင်ခြေရှိသည့်အောင်မြင် မှုဆီကို တစ်လှမ်းချင်းသွားသင့်ပါ သည်။ အရေးကြီးဆုံးသတိထားရမည့်အချက်က ကျောင်းသားညီညွတ်ရေးဖြစ်ပါသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အခြေ အနေသည်ပေါက်ကွဲခါနီးဗုံးတစ် လုံးဖြစ်သည်။ လူ့အဖွဲ့အစည်း တစ်ခုလုံးပရမ်းပတာပြိုကွဲသွားဖို့ အတွက် ပြီးပြည့်စုံနေသော အနေ အထားမှာရှိသည်။ တိုင်းပြည်မှာ ပြည်တွင်းစစ်ရှိသည်။ ဘာသာမ တူသူများကြားမှာ သတ်ဖြတ်နှိပ် ကွပ်မှုရှိနေသည်။ သင်္ကန်းဝတ်ပြီး အမုန်းစကားဖြင့်ဆဲရေးတိုင်းထွာ နေသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားသည်။အဆိုးဆုံးကတော့ အတိုက်အခံနှင့် ကျောင်းသားအ ဖွဲ့များအပေါ် အစိုးရ၏ သဘော ထားကပြောင်းလဲမလာခြင်းဖြစ် သည်။ ပြည်သူလူထုအပေါ်မှာ သြဇာအညောင်းဆုံးဖြစ်သည့် အ တိုက်အခံနှင့် ကျောင်းသားတို့ကို ငြင်းဆန်ခြင်းသည် ကျွန်တော်တို့ အားလုံးကို ဘန်ကောက်သို့ အ ရောက်ပို့ခြင်းဖြစ်သည်။
လမ်းပေါ်က ရုန်းရင်းဆန် ခတ်မှုများနှင့် ပြန်လည်ရင်ကြား စေ့ဖို့ခက်ခဲသည့်အာဃာတများ က ဘန်ကောက်မြို့၏ လမ်းများ ပေါ်မှာရှိနေလိမ့်မည်။ ထိုနေရာ ကို ရောက်မသွားဖို့အတွက် စကား ပြောဆိုဆွေးနွေးကြဖို့လိုသည်။ သမိုင်း၏ သင်ခန်းစာများကို ပြန် လည်လေ့လာနိုင်ကြဖို့လိုသည်။ လူ့အဖွဲ့အစည်းတစ်ခုအတွင်းမှာ အတူနေထိုင်သူအချင်းချင်း စ ကားပြောဆိုဆွေးနွေးမှုမပြုလုပ် နိုင်ခြင်းသည် ၀မ်းနည်းစရာအ ကောင်းဆုံးကျဆုံးမှုဖြစ်သည်ကို နားလည်ကြဖို့လိုသည်။ မျှော်လင့် ချက်သည် မဆိတ်သုဉ်းသွား သေး။ အားလုံးအတူတကွ ပြန် လည်တည်ဆောက်နိုင်သေးသည် ဆိုတာကိုလည်း ယုံကြည်ဖို့လို သည်။
ဘန်ကောက်မြို့နားကို နီးလာပြီ။
မြို့အ၀င်ဆိုင်းဘုတ်ကိုပင် မြင်နေရပြီ။
ရထားကို အခုပဲရပ်ပေးပါ တော့။

0 comments:

Post a Comment