Tuesday, February 17, 2015

လောက်ကိုင် ရှင်းတမ်း - ၁ ( မြန်မာပြည်အတွက် အရေးကြီးသတင်းဖြစ်၍ မြေလတ်မီဒီယာ မှာဖော်ပြပေးရပါသည်။)

Ye Moe added 2 new photos.  မှ ကူးယူဖော်ပြပါသည်။
လောက်ကိုင် ရှင်းတမ်း - ၁
===============
( နောက်ခံ သမိုင်းကြောင်း )
ပြီးခဲ့တဲ့ ၉.၂.၂၀၁၅ ရက်နေ့ မှာ …
ဖုန်ကြားရှင်ဦးစီးတဲ့  တပ်ဖွဲ့ တွေဟာ …
လောက်ကိုင်ဒေသကို ၀င်ရောက်တိုက်ခိုက်ပြီး …
ဒေသတွင်း စစ်ပွဲငယ် တစ်ခုကို စတင်ခဲ့ပါတယ်…
စစ်ပွဲဟာ ဒီကနေ့  ၁၆.၂.၂၀၁၅ ရက်နေ့ ဆိုရင် ….
၈ ရက်တိတိ ရှိနေပါပြီ …
စစ်အရှိန်လျော့ကျစ ပြုလာပေမယ့် …
အဆုံးတော့ မသတ်နိုင်သေးပါဘူး…
ဒီစစ်ပွဲ နဲ့  ပတ်သက်လို့  …
ပထမဆုံး စထုတ်ဖြစ်ကြမယ့် မေးခွန်းတွေက …
ဖုန်ကြားရှင်ဆိုတာ ဘယ်သူလဲ ?
သူက ဒီစစ်ပွဲကို ....
ဘာကြောင့် ဆင်နွဲခဲ့ရတာပါလဲ ?
ဆိုတဲ့  မေးခွန်းတွေဖြစ်မယ်လို့  ...
ယုံကြည်ရ ပါတယ် …
ဖုန်ကြားရှင် အကြောင်း မပြောခင် …
လောက်ကိုင်ဒေသ အကြောင်းကို …
ကျွန်တော်တို့  အရင်ပြောရပါလိမ့်မယ်…
လောက်ကိုင်ဒေသကို ကိုးကန့် ဒေသလို့ …
လူသိများကြပါတယ် …
တရုတ်ပြည် ယူနန်နယ်နဲ့  ...
နယ်ချင်းထိစပ်နေပါတယ် …
ကိုးကန့် ဒေသကို …
၁၇ ရာစုမှာ စပြီး အခြေချလာတာကတော့ …
နန်ကင်းဇာတိ ဖြစ်တဲ့  ...
ယန်း မိသားစု အနွယ်ဝင်တွေ ဖြစ်ပါတယ် …
သူတို့ ဟာ ဒေသခံတွေကို …
ဓားပြတွေရဲ့ ရန်က ကာကွယ်ပေးခြင်း …
မျိုးနွယ် ပဋိပက္ခများကို စေ့စပ်ပေးခြင်းတို့ နဲ့  …
တဖြည်းဖြည်း သြဇာကြီးမားလာပါတယ် …
မြန်မာပြည်ကို အင်္ဂလိပ်က သိမ်းပိုက်လိုက်ချိန်မှာ …
တရုတ်နဲ့  နယ်နိမိတ် သတ်မှတ်ခဲ့ပြီး …
ကိုးကန့် ဒေသကို …
သိန်းနီစော်ဘွားရဲ့  လက်အောက်ခံ ဒေသ အဖြစ် …
သတ်မှတ်ပေးလိုက်ပါတယ် …
မြန်မာပြည်ကို လွတ်လပ်ရေး မပေးမီ …
တစ်ရက်အလိုမှာတော့ …
ကိုးကန့် ဒေသကို …
သီးခြားစော်ဘွားအုပ်ချုပ်တဲ့ နယ်အဖြစ် …
သတ်မှတ်ပေးခဲ့ပါတယ် …
၁၉၄၉ခုနှစ် ကိုးကန့် ဒေသရဲ့  စော်ဘွားဟာ…
Yang Kyein Tsai (စောယန်းကျိန်စိုင်း) ဖြစ်ပြီး …
အက်ဒွပ်ယန်း လို့  လူသိများပါတယ် …
အက်ဒွပ်ယန်း ရဲ့  ညီနဲ့ ညီမကတော့ …
ဂျင်မီယန်း နဲ့  အောလစ်ယန်းတို့ ဖြစ်ကြပါတယ် …
ဖုန်ကြားရှင်ကိုတော့ …
ကိုးကန့်နယ်အတွင်းရှိ (တရုတ်)စီချွမ်မျိုးနွယ်ဝင်….
(Sichuanese descent)မိသားစုကနေ …
၁၉၃၁ခုနှစ်မှာ မွေးဖွား ခဲ့ပါတယ် …
အက်ဒွပ်ယန်း ရဲ့ ကိုးကန့် ကာကွယ်ရေးတပ်မှာ …
အသက် ၁၈ နှစ်ကတည်းက ….
စပြီး တာဝန်ထမ်းဆောင်ပါတယ် …
အက်ဒွပ်ယန်း နဲ့ အဖွဲ့ ဟာ …
၁၉၅၁ ကူမင်တန် ကျူးကျော်မှုမှာ …
ကူမင်တန်တွေကို ထောက်ခံအားပေးခဲ့ပြီး …
၁၉၅၉ ခုနှစ် …
ရှမ်းစော်ဘွားတွေ အာဏာစွန့် ရတဲ့  ကိစ္စနဲ့ ပတ်သက်ပြီး ....
၁၉၆၃ မှာ ဂျင်မီယန်း ဦးဆောင်ပြီး တောခိုပါတယ် …
အဲဒီ တောခိုတပ်မှာ …
ဖုန်ကြားရှင် နဲ့ လော်စစ်ဟန်တို့ ဟာ ...
ဗိုလ်ကြီး အဆင့်ဖြစ်ပါတယ် ….
၁၉၆၇ မှာ ဂျင်မီယန်းတို့  အဖွဲ့  အလင်းဝင်ပါတယ် …
လော်စစ်ဟန်လဲ ပြန်ပါသွားပါတယ် …
ဖုန်ကြားရှင် နဲ့  သူ့ ညီ ဖုန်ကြာဖူးတို့ အုပ်စုကတော့ …
ကိုးကန့် ပြည်သူ့တော်လှန်ရေးတပ်
(Kokang People Revolutionary Army ) ဆိုပြီး …
တောထဲမှာ ကျန်နေခဲ့ပါတယ် …
၁၉၆၇ တရုတ်-ဗမာအရေးအခင်းပြီးတဲ့နောက် …
တရုတ်ကွန်မြူနစ်ပါတီက ရေးဆွဲပေးတဲ့ ..
ဗကပ စစ်ရေးစီမံချက်မှာ …
"၄၀၄တပ်ဖွဲ့ ။ သံလွင်အရှေ့ခြမ်း
တရုတ်နယ်စပ် ကိုးကန့်နယ်မြေ….
ဖုန်ကြားရှင် တပ်ဖွဲ့များကို အခြေခံကာ ကိုးကန့်ကိုသိမ်းပိုက်ရန်။
ထိုမှတဆင့် တောင်ဘက်သို့ဆက်လက်တိုက်ခိုက်ပြီး ….
သံလွင်အရှေ့ခြမ်းတစ်ခုလုံးကို ..
တိုးချဲ့ သိမ်းပိုက်ရန်"လို့ ပါရှိပါတယ် …
အဲဒီ စီမံချက်အတိုင်း …
၁၉၆၈ ဇန်န၀ါရီလ ၁ရက်နေ့ မှာ …
ဗကပ နဲ့  တရုတ်တပ်နီတော်ဟာ …
အရှေ့ မြောက်ဒေသက မုန်းကိုးစခန်းကို စတိုက်ပါတယ် …
ကိုးကန့် ဒေသကို ထိန်းချုပ်လိုက်ပြီး …
ဖုန်ကြားရှင် အပါအ၀င် ...
ကိုးကန့် ကာကွယ်ရေးတပ်တွေကို …
ဗကပထဲကို ဆွဲသွင်းလိုက်ပါတယ် …
ဖုန်ကြားရှင်ကတော့ …
ကိုးကန့် ခရိုင် ကာကွယ်ရေးခေါင်းဆောင်ရာထူး …
ခန့် အပ်ခြင်း ခံရပါတယ် …
ဗကပဟာ ၂ နှစ်အတွင်း ….
ရှမ်းမြောက်ရဲ့  ...
ဧရိယာအတော်များများကို ထိန်းချုပ်လိုက်ပြီး…
၁၉၇၁ နိုဝင်ဘာ ၁၉ မှာ ….
ရက် ၄၀ ကွမ်းလုံတိုက်ပွဲ ကို စတိုက်ပါတယ် …
ဒီ ကွမ်းလုံစစ်ပွဲမှာ …
ဖုန်ကြားရှင်ဟာ တပ်မဟာမှူးအဖြစ် ပါဝင်ခဲ့ပါတယ် …
မိုင်းယန်း တိုက်ပွဲ ပြီးသွားတဲ့ နောက် ...
၁၉၈၉ မှာ ....
ဖုန်ကြားရှင် နဲ့ အဖွဲ့ ဟာ …
ဗကပကနေ ခွဲထွက်ပြီး အစိုးရနဲ့  ငြိမ်းချမ်းရေးယူပါတယ် …
ကိုးကန့် အထူးဒေသ ၁ အဖြစ်သတ်မှတ်ပေးခံရပြီး …
Myanmar National Democratic Alliance Army(MNDAA)
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်စစ်တပ်ကို …
ဖွဲ့စည်းတည်ထောင်ပါတယ် …
၁၉၉၆ ၀န်းကျင်မှာ ...
ဖုန်ကြားရှင် နဲ့  ရန်မျိုးလျံတို့  ပြသနာဖြစ်ကြပြီး ...
နှစ်ဘက်လက်နက်ကိုင် တိုက်ကြလို့  ...
တပ်မတော်က ၀င်ထိန်းသိမ်းခဲ့ရပါတယ် ...
၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှာလဲ ...
မုန်းကိုး အရေးအခင်း ဆက်ဖြစ်ပွားလို့  ...
တပ်မတော်ကပဲ ၀င်ဖြေရှင်းခဲ့ရပါတယ် ...
၂၀၀၉ ခုနှစ်မှာတော့ …
မူးယစ်ဆေးဝါး နဲ့ လက်နက်စက်ရုံကိစ္စများကြောင့် …
အစိုးရ နဲ့ ပဋိပက္ခ ဖြစ်ပွားပါတယ် ….
ရဲတပ်ဖွဲ့ ဝင် ၁၁ ဦးကို ပစ်သတ်လိုက်တဲ့ အတွက် …
တပ်မတော်ရဲ့  ...
လိုက်လံတိုက်ခိုက်ချေမှုန်းခြင်းကို ခံရပါတယ် …
ဖုန်ကြားရှင်ဟာ ....
တရုတ်ပြည်ထဲကို ၀င်ပြေးခဲ့ပြီး …
ငါး နှစ်အကြာမှာ ….
အခုလို ပြန်ပြီး စစ်ပွဲကို စတင်ခဲ့တာ ဖြစ်ပါတယ် … ။ ။
( ရဲမိုး )
ဒုတိယပိုင်း ညနေ ဆက်တင်ပါမည်

0 comments:

Post a Comment