Monday, February 9, 2015

အစိုးရဌာနတွေမှာ စာရင်းကွာဟမှုတွေ ဘယ်သူတွေမှာ တာဝန်အရှိဆုံးလဲ

Kamayut Media  မှ ကူးယူဖော်ပြပါသည်။
Posted by: Video-editer on February 8, 2015 at 16:23 PM 0 Comments
အစိုးရ ဝန်ကြီးဌာနတွေရဲ့ နိုင်ငံတော်ဘဏ္ဍာငွေကို သုံးစွဲရာမှာ ငွေကြေးကွာဟမှုတွေရှိနေတာကြောင့် အရေးမယူဘဲထားရင် ပိုဆိုးလာနိုင်တယ်လို့ ဖေဖော်ဝါရီ ၆ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အမျိုးသမီး လွှတ်တော်အမတ် နှစ်ယောက်က ဆွေးနွေးခဲ့ပါတယ်။ ဝန်ကြီးဌာနတွေမှာ ဘာလို့ ဆီးသီးဗန်း ခဏခဏမှောက်ကျနေတာလဲ။
၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်ရသုံးငွေစာရင်း စစ်ဆေးတွေ့ရှိချက်နဲ့ ပတ်သက်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအစီရင်ခံစာကို ထောက်ပြဆွေးနွေးသူ လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦးက ဝန်ကြီးဌာနမှာ ထိပ်ဆုံးအကြီးအကဲက တာဝန်အရှိဆုံးဖြစ်လို့ သူကစမှားတဲ့အခါ အဆင့်ဆင့်မှားကုန်လို့ အလွဲသုံးစားမှုတွေပိုများလာပြီး ရာထူးအဆင့်မြင့်တဲ့သူတွေ အလွဲသုံးစားလုပ်မှု ပိုများတယ်လို့ ဆိုပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနမှာMRTV ရုပ်သံက ဒေါ်လာသန်း ၁၃ဝ၂.၃၂ ကို နောက်ကျတဲ့ဒဏ်ကြေး မပေးဘူးဆိုပြီး စာနဲ့ပဲ သတိပေးထားတာ မှားယွင်းနေပြီး အစီရင်ခံစာရဲ့မှတ်ချက်ဖြစ်တဲ့ ဆောင်ရွက်ရမယ့်ကိစ္စတွေကို မတုံ့ပြန်မလိုက်နာတာရှိနေတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးတဲ့ လွှတ်တော်အမတ် ဒေါ်ခင်မွှေးလွင်က အဓိကတွေ့ရတဲ့ စာရင်းကွာမှုတွေမှာ လာဘ်စားမှုကအများဆုံးဖြစ်ပြီး တရားဥပဒေစိုးမိုးမှု မရှိတာလည်း ပါတယ်လို့ ဆိုပါတယ်။ စာရင်းကွာလို့ အရေးယူမှာ မရှိဘူးလို့ ထောက်ပြခဲ့ပေမယ့် ဝန်ကြီးက အရေးယူမယ့်ဥပဒေမရှိလို့ ရေးဆွဲနေတယ်လို့ ရှင်းပြတဲ့အကြောင်း၊ ဒီလိုဖြစ်ရပ်တွေဟာ ခန့်မှန်းလို့မရအောင် များပြားလွန်ပြီး အစိုးရရဲ့ဆောင်ရွက်ချက်ကို စောင့်ကြည့်မယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment