Saturday, February 14, 2015

၂၀၁၅ခုနှစ် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာဖတ်ကြားပွဲ ကျင်းပ




မကွေး     ဖေဖော်ဝါရီ     ၁၂
          မကွေးတိုင်းဒေသကြီး ၂၀၁၅ခုနှစ်(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုပွဲနှင့် နိုင်ငံတော်သမ္မတမှပေးပို့သော သ၀ဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက မကွေးမြို့ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှနှင့်တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းဒေသကြီးဥပဒေချုပ်၊တရားသူကြီးချုပ်၊စာရင်းစစ်ချုပ်၊တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ နှင့်လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးမြို့ရှိတက္ကသိုလ်များမှပါမောက္ခချုပ်များနှင့်ဌာနမှူးများ၊ဆရာ/ဆရာမများ၊ဆေးရုံအုပ်ကြီးများနှင့် ဆရာဝန် / ဆရာမများ၊မကွေး ခရိုင်နှင့်မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ပညာရေးကောလိပ်၊သူနာပြုကျောင်းတို့မှ ကျောင်းသားကျောင်းသူများ၊လူမှုရေးအသင်းအဖွဲ့များ၊မြို့ပေါ်ရပ်ကွက်များမှပြည်သူလူထုများစုစုပေါင်းအင်အား (၁၄၀၀၀)တက်ရောက်ခဲ့ကြသည်။

          အခမ်းအနားတွင် မကွေးတပ်နယ်စစ်ရေးပြဂုဏ်ပြုတပ်ခွဲ မှမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အား အလေးပြုပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တက်ရောက် လာသော ဧည့်ပရိတ်သတ်များက  ဂုဏ်ပြုတပ်ခွဲမှသစ္စာလေးချက်  ရွက်ဆိုခြင်းများ  စစ်ရေးပြ     အစီစဉ် အတိုင်း ဆောင်ရွက်ခဲ့ကြသည်။  ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေ စည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ၂၀၁၅ခုနှစ်(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့သ၀ဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှဖတ်ကြားပြီး မကွေးတပ်နယ် စစ်ရေးပြဂုဏ်ပြုတပ်ခွဲမှ တိုင်းဒေသကြီး ၀န်ကြီးချုပ်အား အလေးပြု၍စစ်ရေးပြအစီအစဉ်အတိုင်း  ဆက်လက် ဆောင်ရွက်ကာ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုပွဲနှင့်နိုင်ငံတော်သမ္မတ မှပေးပို့သော သ၀ဏ်လွှာဖတ်ကြားပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

          အလားတူ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေ စည်သူ အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန်ထံမှပေးပို့သော ၂၀၁၅ခုနှစ်(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင်လည်း သက်ဆိုင်ရာ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများဦးစီး၍ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment