Tuesday, February 24, 2015

စာဖတ်ရှိန်မြှင့်တင်ရေး အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပ



ပွင့်ဖြူ     ဖေဖော်ဝါရီ     ၂၂
မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ယောစုကျေးရွာတွင် ရောင်ခြည်သစ် စာကြည့်တိုက် စာဖတ်ရှိန်မြှင့်တင်ရေး အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ် စာပေဟောပြောပွဲကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ ည ၈ နာရီက အဆိုပါကျေးရွာ စာကြည့်တိုက်ရှေ့ကွင်းပြင်တွင် ကျင်းပခဲ့သည်။

          စာပေဟောပြောပွဲတွင် စာရေးဆရာ အော်ပီကျယ်မှကိုယ်လုပ်မှကိုယ်စားရတာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊စာရေးဆရာ မောင်သာချိုမှ ဆင်းရဲချင်းလွတ်ကင်းအောင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဟောပြောခဲ့ကြပြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူများအား စာပေအမြိုက်တိုက်ကြွေးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment