မြို့သစ် ဖေဖေါ်ဝါရီ ၁၅
မကွေးတိုင်း ဒေသကြီး မြို့သစ်မြို့နယ်
လယ်ယာစိုက်ပျိုးရေးဦးစီးဌာန မှ ဦး ဆောင် ၍
သိပ္ပံနည်းကျ ဘောင်စနစ်ဖြင့် ပုလဲသွယ် စပ်မျိုးစပါး
မျိုးစေ့ချပွဲ ကို (၁၅ '' ၂ '' ၂၀၁၅ ) ရက်နေ့
နံနက်(၉)နာရီက နဘဲကုန်း အုပ်စု ကံဆွယ်ကွင်း
အမှတ် '' ၁၃၆၅ / ကွင်း ရှိ တောင်သူ ဦးသိုက်ဆောင် ၏ လယ် ကွက် တွင်ကျင်းပပြုလုပ်
ခဲ့ သည် ။
ရှေးဦးစွာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး
မှူး ဦးဗိုလ်အောင်မောင်မောင် မှနှုတ်ခွန်းဆက်
အမှာစကားပြောကြား ပြီး မြို့ နယ်စိုက်ပျိုးရေး
ဦစီးဌာန ဦးစီးအရာရှိ ဦးအောင်ဝင်း မှ စိုက်ပျိုး
စနစ် မှန် ကန်စေရေ့း်သိပ္ပံနည်းကျဘောင်စနစ်ဖြင့် မျိုးစေ့ချ စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ သိသင့်
သည်များအားတောင်သူ အများသိရှိ နိုင်စေရန်
အသေးစိပ် ရှင်းလင်းဆွေးနွေး ခဲ့ သည် ။
ထို့နောက် တောင်သူလယ်သမားများ
လယ်ယာဂဏ္ဍ စိုက်ပျိုးရေးစနစ် ကျယ်ပြန့်စွာ နားလည် သဘောပေါက်စေရန် အတွက်
( လယ်ယာစီးပွား ) ဂျာနယ်များကို ဝေငှ ပေး
ခဲ့ သည် ။
ဆက်လက်၍ တောင်သူလယ်သမားများ
စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန်အတွက် မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးးမှူး
ဦးဗိုလ်အောင်မောင်မောင်၊ ဆည်မြောင်းဦစီးအရာရှိဦးဝင်းလွ င၊်စိုက်ပျိုးရေးဦးစီးဌာန မှဝန်ထမ်းများက ဝင်ရောက်သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်းသိရသည် ။ ။
သန်းဝင်းထွန်း ( မြို့သစ် )်
သန်းဝင်းထွန်း ( မြို့သစ် )်
0 comments:
Post a Comment