Friday, February 6, 2015

အသက်(၁၀၀)တန်းဝင် အဘိုးအို မကွေးမြို့တွင်ကျန်းမာစွာနေထိုင်လျှက်ရှိ




  မကွေး  ဖေဖဝါရီ  
    မကွေးတိုင်းဒေသကြီး မကွေးမြို့ပေါ်တွင်အသက်(၁၀၀)တန်းဝင်အဘိုးအိုတစ်ဦးကျန်းမာစွာ
နေထိုင်သွားလာလျှက်ရှိကြောင်းသိရှိရသည်။
   အဆိုပါအဘိုးအို၏အမည်မှာ အဘဦးထွန်းမြိုင်ဖြစ်ပြီး ၁၂၇၆ ခုနှစ်တန်းခူးလဆန်း(၅)ရက်နေ့တွင်
မွေးဖွားကြောင်း၊မကွေးတိုင်းဒေသကြီး မြင်းကွန်းတိုက်နယ် သဲရင်းတောကျေးရွာသည်မွေးရပ်ဇာတိဖြစ်ကြောင်း
မကျီးကန်သူဒေါ်ခင်တုတ်နှင့်အိမ်ထောင်ကျပြီးသားနှစ်ယောက်၊သမီးနှစ်ယောက် ထွန်းကားကြောင်း၊ယခုအခါ
သမီးဖြစ်သူဒေါ်လုံးကြည်နှင့်တမာပင်လမ်းနှင့်၇ လမ်း×၈လမ်းကြား၊ကန်သာရပ်ကွက်နေထိုင်ပြီးသားသမီးများ
မှမွေးဖွားသည့်မြေး(၁၂)အပြင်မြစ်(၁၅)ယောက်တို့အဘိုးဖြစ်ကြောင်း၊ဥပုဒ်စောင့်၊ ဘုရားသွား၊ကျောင်းပြန်အဖော်
မပါသော်လည်းမျက်စိမှုန်ခြင်းမရှိ၊နားအကြားအာရုံကောင်းမွန်စွာရှိ၍သွားနိုင်လာနိုင်ကြောင်း သိရှိရသည်။

  "အဘတို့ကာလသားဖြစ်ချိန်ကရွာမှာအင်္ဂလိပ်နဲ့ဂျပန်ရန်ကိုကာကွယ်ရေးတာဝန်ခံလုပ်ခဲ့ရတယ်။ ဗိုလ်ချုပ်
အောင်ဆန်းသပြေစမ်းကျေးရွာနားမိန့်ခွန်းလာပြောတာသွားနားထောင်ခဲ့ရတယ်။ ဗိုလ်ချုပ်နဲ့အဘတို့ကအသက်
အရွယ်မတိမ်းမယိမ်းပေမယ့်တိုင်းပြည်ခေါင်းဆောင်ကိုတော်တော်လေးစားမိတယ်။ ဗိုလ်ချုပ်လိုတိုင်းပြည်တာဝန်အပြည့်အဝ မထမ်းဆောင်နိုင်ပေမယ့်ကိုယ်ရပ်၊ကိုယ်ရွာကိုတဘက်တစ်လမ်းက ကာကွယ်ပေးခဲ့နိုင်တယ်။အခု
တော့အမျိုးသမီးအပြင်သားသမီးတချို့ဆုံးပါးသွားတော့မလုံးကြည်နဲ့လာနေ တာနှစ်ဆယ့်ငါးနှစ်ကျော်ရှိပြီ။"အဘဦးထွန်းမြိုင်ကပြောပြသည်။ 

   သမီးဖြစ်သူက"အဘကနှစ်စဉ်ကန်သာရပ်ကွက်ကပြုလုပ်တဲ့သက်ကြီးပုဇော်ပွဲ
တွေမှာအပူဇော်ခံပါတယ်။နိုင်ငံတော်မှအသက်တစ်ရာကျော်အဘိုးအဘွားတွေပူဇော်ကန့်တော့ကန်သာအုပ်ချုပ်ရေးမှူးကိပြောကြည့်ပါတယ်။အဘက အသက်တစ်ရာကျော်ဖို့လပိုင်းလိုသေးတယ်။ဒါကြောင့်မပါတာပါ။အသက်
တစ်ရာကျော်အဘိုး အဖွားတွေပဲပါသေးတာပါ။"ဟုဒေါ်လုံးကြည်ပြောပြ၍သိရှိရသည်။
ဇွဲထက်ရှင်

0 comments:

Post a Comment