စလင်း ဖေဖေါ်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်
အရန်သားဖွားသင်တန်းအမှတ်စဉ် (၁/၂၀၁၅) ဖွင့်ပွဲ အခမ်းအနားကို စလင်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံ
အစည်းအဝေးခန်းမတွင် ဖေဖေါ်ဝါရီလ ၂ ရက် နံနက် ၉ နာရီက ကျင်းပရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးခင်မောင်လွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြိုင် ၊မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးထွန်းသိန်း၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ၊မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ
၊မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ ၊လူမှုရေးအဖွဲ့အစည်းများ ၊ဌာနဆိုင်ရာများ၊
မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းမြိုင် ကသင်တန်းဖွင့် လှစ်ရခြင်း ရည်ရွယ်ချက် ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းက
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ
ခင်ခင်ထွန်းက သင်တန်းပို့ချဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသူများအား ဝတ်စုံ စရိတ် ထောက်ပံ့ပေးအပ်သည်။ သင်တန်းသူများအား
masie stopes international Myanmar
မြို့နယ်စေ့စပ်ညှိနိုင်းရေးမှူး ဒေါက်တာ မြတ်မင်းသူ က ထောက်ပံ့ငွေများပေးအပ်
သည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ (၃၉)ဦးတက်ရောက်ပြိး
သင်တန်းကာလမှာ စာတွေ့(၃) လနှင့် လက်တွေ့ (၃)လ သင်တန်းပို့ချမည်ဖြစ်ကြောင်းသိရှိရသည်။
အောင်မြင့်ဦး(စလင်း)
0 comments:
Post a Comment