Friday, February 27, 2015

မြို့မဈေး မီးဘေးကြိုတင်ကာကွယ် ရေးကွင်းဆင်း စစ်ဆေး !!




မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ မြို့မဈေးကြီး၏ မီးဘေးကြိုတင်ကာကွယ်ရေးစီမံဆောင်ရွက်ထားရှိမှုများကို ဖေဖေါ်ဝါရီလ(၂၆)ရက် မွန်းလွဲ(၁)နာရီအချိန်က မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်အောင်နှင့်တာဝန်ရှိသူများကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာသို့ မြို့နယ်စည်ပင်သာယာရေးအထောက်အကူပြုကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဈေးမိဈေးဖများ၊ ဈေးကြီးကြပ်မှုကော်တီဝင်များလာရောက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းက ၂၀၁၄ - ၂၀၁၅ခု၊ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်သည့် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများ ၊ အဖွဲ့ပိုင် မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်ပြည့် (တောင်တွင်းကြီး)

0 comments:

Post a Comment