Monday, February 16, 2015

ဗိုလ်ချုပ် နှစ်တစ်ရာပြည့် မွေးနေ့ အထိမ်း အမှတ် မြန်မာ့တိုင်းရင်းဆေးမှ ကုသိုလ် ကောင်းမှုပြုလုပ်




ချောက်     ဖေဖော်ဝါရီ  ၁၆  ရက်
      မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ( ၁၀၀)ပြည့် မွေးနေ့ ပွဲတွင် ဗိုလ်ချုပ်ကိုကျေးဇူးဆပ်သော အားဖြင့် ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်နေ့ အထိ မြန်မာ့တိုင်းရင်းဆေးဆရာကြီး ဦးကျော်စိန်ဟန် ဒေဝသြသဓဆေးတိုက် နှင့် ဆရာဦးလှရွှေ အောင်စကြာဆေးတိုက် ချောက်မြို့ နယ် စလေမြို့ တို့ မှ နှစ် (၁၀၀ )    ပြည့် ပွဲတော်လာ ပြည်သူ (၅၀၀ )ခန့် အား မြန်မာ့တိုင်းရင်းဆေးများဖြင့် အခမဲ့ ကုသမှု ပေးခြင်း ၁၄-၂-၂၀၁၅ ရက်နေ့  နံနက် ၅နာရီ တွင် နတ်မောက်မြို့ နယ်ရှိ ဆရာတော် သံဃာတော်အပါး (၂၇၀ ) တို့ အား ဆွမ်း ဆွမ်းဟင်းလျာမျိုးစုံတို့ လောင်းလှူခဲ့ပြီး နတ်မောက်မြို့ ရွှေပဒေသာဆွမ်းလောင်း အသင်းအတွက် ပဒေသာပင် ကျပ် (၁ )သိန်း တိတိလှူဒါန်းခဲ့ကြသည်။ဆေးအလှူရှင်များ မှာထွန်းရွှေဝါမိသားစု ရန်ကုန်မြို့  အောင်စကြာဆေးတိုက် စလေမြို့ မိသားစု ဒေဝသြသဓဆေးတိုက် မကွေးမြို့  မိသားစု မြမြင့်မိုရ်ဆေးတိုက်မိသားစုမကွေးမြို့ တို့ မှ လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
          ဝင်းဌေး ( ချောက်)


0 comments:

Post a Comment