Wednesday, February 11, 2015

တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မြို့နယ်လျှင် မဲဆန္ဒနယ် ၂ ခုဖြင့် နှစ်ဦးပါဝင်ရမှာဖြစ်ပါတယ်။ အမတ်လောင်းများ ဖိတ်ခေါ်ပါရစေ...။

မကွေးမြို့ပေါ်က အရည်အချင်းရှိတဲ့ လူကြီးလူလတ် များ လာမယ့် ၁၀ လ ပိုင်းရွေးကောက်ပွဲ အတွက် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်စေချင်ပါတယ် ။ ၃ သိန်းပဲ ကော်မရှင်ကိုပေးရမှာပါ။ အဲဒါကလည်း ကိုယ်ဝင်ပြိုင်တဲ့မဲဆန္ဒနယ်မှာ ရှုံးခဲ့ရင်တောင် ၈%ပဲရတယ်ဆိုရင် ပြန်ထုတ်ပေးမှာပါ။
ကိုယ့်တိုင်းဒေသအကျိုးအတွက် အစွမ်းအစရှိသူများ လက်လွတ်မခံသင့်ပါဘူး။ အဲဒီလိုမှမဟုတ်ရင်တော့ သူများတွေဝင်ပြိုင်တော့ပါမယ်။ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မြို့နယ်လျှင် မဲဆန္ဒနယ် ၂ ခုဖြင့် နှစ်ဦးပါဝင်ရမှာဖြစ်ပါတယ်။
မကွေးမြို့ အတွက် မဲဆန္ဒနယ် (၁) မှ တစ်ဦး မဲဆန္ဒနယ် (၂) မှ တစ်ဦး ရွေးချယ်ခံရမှာဖြစ်ပါတယ်။
ကိုသက်

0 comments:

Post a Comment