Saturday, February 14, 2015

တောင်တွင်းကြီးမြို့ ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ




မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ မြို့နယ်ခန်းမကြီးအတွင်း၌ ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၆ နာရီအချိန်ခန့်မှစတင်ပြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်အထိမ်းအမှတ် ပွဲအား ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ တောင်တွင်းကြီးမြို့နယ်အတွင်းမှ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်လေးစားသောပြည်သူများတက်ရောက်၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို သို့ မကွေးတိုင်းကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်မည့် တောင်တွင်းကြီးမြို့ NLD လူငယ်များ၏ အပ္ပမာဒေန သမ္ဗါဒေထ သံချုပ်အဖွဲ့ဖျော်ဖြေတင်ဆက်မှု၊ တိုက်သစ်ဓမ္မစကူးလ် ရင်သွေးငယ်များ၏ တိုင်းရင်းသားရိုးရာ အကအလှများဖြင့်ဖျော်ဖြေတင်ဆက်မှု၊ ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ပြုတေးသီချင်းများသီဆိုခြင်း၊ ရာပြည့်အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲမှ ဆုရကျောင်းသူ၊ ကျောင်းသားများအား ဆုပစ္စည်းနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ခြင်း၊ ကျောင်းသူ ကျောင်းသားများမှ ဆုရမိန့်ခွန်းနှင့် စာစီစာကုံးများပြန်လည်ရွတ်ဆိုပြခြင်းများ၊ ကဗျာရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်ပွဲတွင် တောင်တွင်းကြီးမြို့မှ ပန်းချီဆရာများ၏ ပန်းချီကားများ၊ နံရံကပ်ကဗျာများ၊ ကာတွန်း၊ ဓါတ်ပုံများဖြင့် ရာပြည့်ပွဲသို့တက်ရောက်သော ပြည်သူများလေ့လာကြည့်ရှုနိုင်ရန် ခန်းမအ၀င်မှစ၍ ပြခန်းများပြုလုပ်ပေးထားကြောင်းသိရသည်။
အေကေကေ(တောင်တွင်းကြီး)

0 comments:

Post a Comment