Tuesday, February 10, 2015

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဆင်ပေါင်ဝဲမြို့နယ် သာစည်-စပါးရင်းတွင်း မြေသားလမ်းဖွင့်လှစ်




         ဆင်ပေါင်ဝဲ   ဖေဖေါ်ဝါရီ ၁၀


(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဆင်ပေါင်ဝဲမြို့နယ် သာစည်-စပါးရင်းတွင်း ကျေးရွာချင်းဆက် မြေသားလမ်း
ဖွင့်လှစ်ခြင်းကို ၂၀၁၅ခုနှစ် ၊ဖေဖေါ်ဝါရီလ (၁၀)ရက် နံနက်(၈:၂၀)ချိန်က သာစည်-စပါးရင်းတွင်း လမ်းမကြီး အ၀င်မုခ်ဦး ၌ ကျင်းပရာ ရှေ့ဦးစွာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီးဌာန၀န်ကြီး ဦးအောင်နိုင်က အဖွင့်အမှာ စကားပြောကြား ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၂) ဦးမြင့်ငွေက အမှာစကား ပြောကြားသည်။


          ဆက်လက်၍ သာစည်-စပါးရင်းတွင်း မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ဥာဏ်မြင့်ထက်ကုမ္ပဏီက တာဝန်ခံ အင်ဂျင်နီယာ ဦးစိုးနိုင်ထူးက ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။


            ထို့နောက် အဆိုပါ သာစည်-စပါးရင်းတွင်း မြေသားလမ်းအား မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဦးအောင်နိုင်၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဦးစီးမှူး ဦးကျော်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး မြေသားလမ်းအား ကြည့်ရှု့စစ်ဆေးကြသည်။


              အဆိုပါမြေသားလမ်းဖွင့်ပွဲသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ၊လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းကျေးလက်ဦးစီးမှူး၊ ခရိုင်ကျေးလက်ဦးစီးမှူး၊မြို့နယ် အုပ်ချုပ် ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လူမူရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ၊ တက်ရောက်ကြသည်။


             အဆိုပါလမ်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွင်း ကျေးလက် ဒေသဖွံဖြိုး တိုးတက်ရေး ရန်ပုံ ငွေ (၃၅၅.၈၂၆) ကျပ်သန်းဖြင့် ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး  (၁၆/၀)မိုင်အရှည်တွင် လမ်းမျက်နှာပြင်မူလ အကျယ် သတ်မှတ်ချက် (၁၈)ပေ ဖြစ်သော်လည်း ကုမ္ပဏီနှင့်ကျေးရွာ သူ ကျေးရွာသားများ၊မြို့နယ်ကြီးကြပ်ရေး စီမံခန့်ခွဲမူကြောင့် လမ်းအကျယ်(၂၀) ပေမှ(၂၂) အထိ တိုးတက်ဆောင် ရွက်နိုင်ခဲ့ပြီး (၅-၁၀-၂၀၁၄)ရက်နေ့ မှစတင် ဆောင်ရွက်ခဲ့ရာ (၁၂-၁-၂၀၁၅)ရက်နေ့တွင် ပြီးစီးခဲ့ပါသဖြင့် ယခုအခါ ကျေးရွာ ( ၁၀ )ရှိ ဒေသခံပြည် သူများ၏ ကျန်းမာရေး ၊ပညာရေး ၊ စီးပွားရေး စသည် အကျိုး ကျေးဇူး မျာ့း ကို အထောက်အကူပြုခြင်း ကြောင့် ဒေသခံပြည်သူများ ကျေနပ်ပျော်ရွှင် အဆင်ပြေလျက်ရှိကြောင်း ဒေသခံ တစ်ဦး၏ ကျေးဇူးတင်စကား ပြောကြားချက်အရ သိရှိရသည်။


                                   မျိုးမျိုး(ဆင်ပေါင်ဝဲ)       


0 comments:

Post a Comment